News

POST TYPE

LATEST NEWS POST

ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဖျက်သိမ်းရေး ဆန္ဒထုတ်ဖော်မည့်ရက်ရွှေ့
12-Feb-2019
မန္တလေး၊ ဖေဖော်ဝါရီ ၁၂

ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အပြီးသတ် ဖျက်သိမ်းရးအတွက် တောင်သာမှ မန္တလေးမြို့အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်မည့် အစီအစဉ်ကို ရက်ရွှေ့ဆိုင်းလိုက်ကြောင်း အဆိုပါလှုပ်ရှားမှု ဦးဆောင်သူများထံမှ သိရသည်။

“မူလက စတင်မယ့်ရက်မှာ ပြည်ထောင်စုနေ့ ဖြစ်နေလို့ ရက်ရွှေ့လိုက်တယ်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ တောင်သာမြို့ကနေ လမ်းစတင်လျှောက်ပါမယ်”ဟု ယင်းလှုပ်ရှားမှု ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးစိုးသူက ပြောကြားသည်။

ယင်းဆန္ဒထုတ်ဖော်ပွဲကို ရက်ကိုသာရွှေ့ဆိုင်းခြင်းဖြစ်ပြီး ဆန္ဒထုတ်ဖော်မည့် အစီအစဉ်များကို ပြောင်းလဲခြင်းမရှိကြောင်း ယင်းဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ လမ်းတစ်လျှောက်ရှိ သက်ဆိုင်အာဏာပိုင် အဖွဲ့အစည်းများထံ အကြောင်းကြားစာ တင်မည်ဖြစ်ကြောင်း ဦးဆောင်သူများကဆိုသည်။

ယင်းဆန္ဒထုတ်ဖော်ပွဲကို တောင်သာမြို့ဟစ်တိုင်မှစတင်၍ ဗီနိုင်းဆိုင်းဘုတ်များ၊ ကြွေးကြော်သံများဖြင့် ငါးရက်ကြာချီတက်ပြီးနောက် မန္တလေးမြို့ မနော်ရမံကွင်းတွင် အဆုံးသတ်မည်ဖြစ်ကြောင်း ခြေကျင်ဆန္ဒထုတ်ဖော်ပွဲ လမ်းတစ်လျှောက် ဖြတ်သန်းရာမြို့များမှ လူငါးဦးစီ ပါဝင်အားဖြည့်ပေးမည်ဖြစ်သကဲ့သို့ မြို့ဝင်မြို့ထွက်များတွင် ဒေသခံပြည်သူများက ဝန်းရံမည်ဖြစ်ကာ လမ်းတလျှောက်တွင် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေမည်ဖြစ်ကြောင်း ဆန္ဒပြပွဲစီစဉ်သူများထံမှ သိရသည်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဖျက်သိမ်းရေးနှင့်ပတ်သက်၍ မြန်မာနိုင်တစ်ဝှမ်းရှိ မြို့ကြီး၌ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျက်ရှိသည်။

M-01