News

POST TYPE

LATEST NEWS POST

လွိုင်ကော်တွင် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူ၊ ဒေသခံ ထောင်ချီ ဆန္ဒပြ
12-Feb-2019



တောင်ငူ၊ ဖေဖော်ဝါရီ ၁၂

ကယားပြည်နယ် မြို့ တော်လွိုင်ကော်တွင် ယနေ့နံနက်က ဒေသခံများ ၏ သဘောထားဆန္ဒကို လစ်လျူရှုပြီး ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူခဲ့သည့်အတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီးတို့ နုတ်ထွက်ပေးရန် ဒေသခံ ပြည်သူထောင်ချီ၍ ဆန္ဒပြလျက်ရှိသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ကတိကဝတ်ကို အကောင်အထည်အဖော်ဘဲ ရုပ်ထုကိုသာ အတင်းအကျပ် စိုက်ထူခဲ့သော ရုပ်ထုနိုင်ငံရေးကို ကန့်ကွက်သည့်အနေဖြင့် ဆန္ဒပြသူများက ဆန္ဒပြသူများက ၄င်းတို့သည်ဗိုလ်ချုပ်အောင်ဆန်းကို ဆန့်ကျင်နေခြင်းမဟုတ်ဘဲ ကန့်ကွက်ခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲကိုဦးဆောင်သူတစ်ဦးဖြစ်သည့် မျိုးလှိုင်ဝင်း (ခ) ပါစကွားလယ်က ပြောကြားသည်။

ဗိုလ်ချုပ်ကြေးရုပ်တု တည်ဆောက်ထားမှု ကန့်ကွက်သည့်ကရင်နီလူငယ်များ အရပ်ဖက်အဖွဲ့အစည်းများယနေ့ နံနက်က ၁၀ နာရီကျော်ခန့်က လွိုင်ကော်မြို့အတွင်း စစ်ကြောင်းများဖြင့် ချီတက်လာကြစဉ် ရဲတပ်ဖွဲ့က ရာဘာကျည်ဖြင့် ပစ်ခတ်ခဲ့သဖြင့်လူငယ်လေးဦးခန့် ထိမှန်ဒဏ်ရာရခဲ့သည်ဟု ဒီးဒီ (ခ) စစ်မုန်းက ပြောကြားသည်။

ဆန္ဒပြသူများက အစိုးရအရာရှိများအား ယနေ့မွန်းတည့်ချိန် မတိုင်မီ လာရောက်ညှိနှိုင်းရန် တောင်းဆိုခဲ့ကြပြီး လာရောက်မတွေ့ဆုံပါက ပိုမိုပြင်းထန်သည့် တုန့်ပြန်မှုကိုတွေ့ကြုံရမည်ဟုလည်း သတိပေးကြသည်။

R-15