News

POST TYPE

LATEST NEWS POST

ချောက်ရှိ ကျောင်းသားကျောင်းသူများကို အမှိုက် စနစ်တကျစွန့်ပစ်ရန်သင်ကြား
30-Jan-2019
ချောက်၊ ဇန်နဝါရီ ၃၀

မကွေးတိုင်း ချောက်မြို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူကျောင်းသားများကို အမှိုက်စနစ်တကျ စွန့်ပစ်ရန် Clean Chauk အဖွဲ့က အသိပညာပေး ဟောပြောပို့ချမှုများ ဇန်နဝါရီ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ ပြုလုပ်နေကြောင်း ယင်းမြို့စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

“အသက်အရွယ်ငယ်စဉ်ထဲက စွန့်ပစ်အမှိုက်စွန့်ပစ်ခြင်း အလေ့အကျင့်ကောင်းတွေကို ကလေးတွေစိတ်ထဲမှာ ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ပြီးတော့ စွန့်ပစ်အမှိုက်စည်းကမ်းမဲ့ပစ်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ သဘာဝပတ်ဝန်းကျင်ဆိုးကျိုးများကို ကျောင်းသားကျောင်းသူတွေကို အသိပညာပေး ဟောပြောပို့ချမှုတွေ ပြုလုပ်ပေးခြင်းဖြစ်ပါတယ်”ဟု Clean Chauk အဖွဲ့ ဦးဆောင်သူ ယင်းမြို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမန်းက ပြောဆိုသည်။

ယင်းသင်တန်းတွင် လူ၊ သဘာဝ ပတ်ဝန်းကျင်နှင့် သဘာဝ သယံဇာတများအကြောင်း၊ သယံဇာတများ၏ အကျိုးကျေးဇူးများနှင့် ပြောင်းလဲစေသည့်အကြောင်းများ၊ ညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင်၊ စွန့်ပစ်အမှိုက် စည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများအကြောင်း အစရှိသည်တို့ကို ဟောပြောသင်ကြားမှုများပြုလုပ်ကြောင်း Clean Chauk အဖွဲ့ထံမှ သိရသည်။

R-24