News

POST TYPE

LATEST NEWS POST

အမြန်လမ်းပေါ်တွင် တိမ်းမှောက်သည့်ယာဉ်ပေါ်မှ ဘင်္ဂါလီ ၁၂ ဦးဖမ်းမိ
19-Jan-2019

တောင်ငူ၊ ဇန်နဝါရီ ၁၉

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၃၄ အနီး၌ ဇန်နဝါရီလ ၁၉ ရက် နံနက် ၁၁ နာရီခန့်က တိမ်းမှာက်ခဲ့သည့် စူပါကာစတန်မော်တော်ယာဉ်ကို စစ်ဆေးရာမှ ဘင်္ဂါလီလူမျိုး ၁၂ ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းအတိုင်း နေပြည်တော်ဘက်မှ ရန်ကုန်မြို့ဘက်သို့ ဦးခင်မောင်ဝင်း မောင်းနှင်လာသည့် မော်တော်ယာဉ်သည် အဆိုပါအမြန်လမ်း မိုင်တိုင် ၁၃၄ အနီးတွင် လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့ပြီး ယာဉ်ကိုစစ်ဆေးရှာဖွေရာမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့ဘက်မှလာသည့် ဘင်္ဂါလီလူမျိုး အမျိုးသား ၁ဝ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို ဖမ်းမိခဲ့ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“လက်ရှိမှာ လ-ဝ-ကတွေ တာဝန်ရှိသူတွေ စစ်ဆေးနေဆဲပါ။ ကျောက်တော်ဘက်က လာတယ်လို့သိရပြီး အသေးစိတ် အချက်လက်ကို ထုတ်ပြန်လို့မရသေးပါဘူး”ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုသည်။

ယင်းကဲ့သို့ဖမ်းဆီးရမိသူ ဘင်္ဂါလီလူမျိုး ၁၂ ဦးနှင့် တရားမဝင် ပို့ဆောင်ပေးသည့် ယာဉ်မောင်းတို့ကို လ.ဝ.က ဥပဒေဖြင့် အရေးယူမည်ဖြစ်သော်လည်း လတ်တလော အမှုမဖွင့်ရသေးဘဲ ဗောဓိကုန်းနယ်မြေရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

R-15