News

POST TYPE

LATEST NEWS POST

ရိုက်တာသတင်း နှစ်ဦး၏ အယူခံ လျှောက်ထားမှု ပလပ်ခံရ
11-Jan-2019



ရန်ကုန်၊ ဇန်နဝါရီ ၁၁

နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ဖောက်ဖျက်သည်ဟုဆိုကာ ထောင် ၇ နှစ်ချမှတ်ခံထားရသည့် ရိုက်တာသတင်းထောက်နှစ်ဦး၏ အယူခံကို ဇန်နဝါရီ ၁၁ ရက်က ရန်ကုန်တိုင်းတရားလွတ်တော်က ပလပ်လိုက်သည်။

“ ဒီနေ့ တရားရုံး ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အမှန်တကယ် စိတ်ပျက်ဖို့ကောင်းတယ်။ ဒါက မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို ထည့်သွင်းသုံးသပ်ချက်မတွေ့ရဘူး။ အောက်ရုံးကဆုံးဖြတ်တဲ့အတိုင်း ထောင် နှစ်ကို အတည်ပြုပြီိး ပလပ်လိုက်တယ်။”ဟု သတင်းထောက် နှစ်ဦးရှေ့နေဦးသန်းဇော်အောင်က ပြောကြားသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး သတင်းထောက်နှစ်ဦးနှင့် မိသားစုဝင်များကို တိုင်ပင်၍ ရက်ပေါင်း ၆၀ အတွင်း ပြင်ဆင်ချက်တင်ပါက ပြည်ထောင်စုတရားလွှတ်တ်ာကို တင်သွင်းရန် စီစဉ်မည်ဟု ၄င်းက ဆိုသည်။

ယနေ့တရားရုံး၏ ဆုံးဖြတ်ချက်တွင် သတင်းထောက်နှစ်ဦး၏ ဖုန်းထဲမှ AA ရခိုင်တပ်မတော်မှ တာဝန်ရှိသူများကိုင်ဆောင်သည့် ဖုန်းနံပါတ်နှင့် ဖုန်းစာအုပ်တွင် လက်နက်ကိုင်အဖွဲ့အစည်းဖုန်းနံပါတ်များ မှတ်သားထားခြင်းသည် နိုင်ငံတော် အကျိုးစီးပွားကို ထိခိုက်နိုင်သည်ဟု သုံးသပ်၍ ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးက အမိန်ချခဲ့သည်ဟု ဦးသန်းဇော်အောင်က ဆိုသည်။

“သတင်းထောက်တွေဆီက AA ဖုန်းနံပါတ်တွေ အမှန်တကယ် သူတို့ကိုင်ဆောင်လားအတည်မပြုဘဲ တစ်ဖက်မှာက ဒီစာရွက်စာတမ်းတွေသာ AA လက်ထဲရောက်သွားရင် တိုင်းပြည်အကျိုးစီးပွားထိခိုက်မယ်လို့ တရားရုံးက သုံးသပ်တယ်”ဟု ၎င်းက ပြောဆိုသည်။

တရားရုံးဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ၏ တရားစီရင်ရေးနှင့် သတင်းမီဒီယာသမားများအတွက် မီးမောင်းထိုးပြလိုက်သကဲ့သို့ ဖြစ်နေသည်ဟု သတင်းထောက်နှစ်ဦး၏ ရှေ့နေက ထောက်ပြသညိ။

ယင်းအယူခံအမိန့်ကို နိုဝင်ဘာ ၅ က ရန်ကုန်တိုင်း တရားလွှတ်တော်တရားရုံးတွင် တင်သွင်းခဲ့ဖြင်းဖြစ်သည်။

ယနေ့တရားခွင်ကို နိုင်ငံတကာကုလသမဂ္ဂသံအမတ်များအပါအဝင် သတင်းထောက်နှစ်ဦး၏ မိသားစုဝင်များ တက်ရောက်ခဲ့သည်။

J-18