POST TYPE
LATEST NEWS POST
တောင်ငူ လွတ်လပ်ရေးပွဲတော်တွင် ခါးပိုက်နှိုက်လေးဦးကို ဖမ်းမိ
06-Jan-2019
တောင်ငူ၊ ဇန်နဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ မိုင်ဒါအားကစားကွင်း၌ ဇန်နဝါရီလ ၄ ရက်ကျင်းပသည့် လွတ်လပ်ရေးနေ့ပွဲတော်အတွင်း နယ်လှည့်ခါးပိုက်နှိုက်လေးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တောင်ငူခရိုင် မှုခင်းအကူ ဒုစရိုက်နှိမ်နှင်းရေးတပ်ဖွဲ့မှ ရဲအုပ်တင်ဦးက ပြောကြားသည်။
“နယ်လှည့်ခါးပိုက်နှိုက်အဖွဲ့တွေ ရောက်နေတယ်ဆိုတဲ့သတင်းအရ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေလုပ်ခဲ့သလို သတိပေးဆိုင်းဘုတ်တွေလည်း ချိတ်ဆွဲပေးထားခဲ့တယ်။ လွတ်လပ်ရေးနေ့ မနက်ပိုင်းမှာ တပ်ဖွဲ့ဝင်တွေ အရပ်ဝတ်နဲ့ လိုက်လံစုံစမ်းရှာဖွေရာက ခါးပိုက်နှိုက်လေးဦးကို အချိန်သိပ်မကွာဘဲ ဖမ်းဆီးရမိခဲ့တာ”ဟု ၎င်းကဆိုသည်။
ယင်းနေ့ကပွဲခင်းအတွင်း မသင်္ကာဖွယ်ရာ တွေ့ရှိရသည့် ဒေါ်နွေမ (ခ) ဘိုမ (၂၇ နှစ်)၊ ဦးမောင်ဌေး (၄၇ နှစ်)၊ ဦးသက်ခိုင် (၄၉ နှစ်)နှင့် ဒေါ်ယုယုလွင် (၄၃ နှစ်)တို့ကို စစ်ဆေးရှာဖွေဖမ်းဆီးရာမှ ခါးပိုက်နှိုက်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့်အတူ ရွှေတိုငွေစများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း တောင်ငူခရိုင်ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတို့လေးဦးကို တောင်ငူမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄ အရ ဖမ်းဆီးအမှုဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
R-15
- VIA
- Voice Admin
- SOURCES
- The Voice
-
17-Feb-2019
-
16-Feb-2019
-
16-Feb-2019
-
16-Feb-2019
-
16-Feb-2019
-
16-Feb-2019
-
15-Feb-2019