News

POST TYPE

LATEST NEWS POST

ရွှေဈေး ဆက်တိုက်တက်
13-Dec-2018

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

အမေရိကန်ဒေါ်လာဈေး မြင့်တက်မှုအရှိန်ကြောင့် သီတင်းတစ်ပတ်ကျော်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်ငါးသောင်းနီးပါးထပ်မံမြင့်တက်လျက်ရှိပြီး ဆက်လက်မြင့်တက်နိုင်ခြေရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

“ဗဟိုဘဏ်က နေ့စဉ်သတ်မှတ်တဲ့ ဒေါ်လာဈေးကလည်း တက်နေတဲ့အတွက် ပြည်တွင်းရွှေဈေးကလည်း တော်တော်နဲ့ကျမှာမဟုတ်ဘူး”ဟု ၎င်းက သုံးသပ်သည်။

ဒေါ်လာဈေးမြင့်ခြင်းအပြင် ကမ္ဘာ့ရွှေဈေးမှာလည်း ဒီဇင်ဘာ ၄ ရက်က ကမ္ဘာ့ရွှေတစ်အောင်စလျှင် ၁၅၂၀ ဒေါ်လာမှ ဒီဇင်ဘာလ ၁၃ ရက်၌ ၁၅၈၁ ဒေါ်လာအထိ ဈေးတက်ကြောင်း အခေါက်ရွှေလက်ကားဈေးကွက်အတွင်းမှ သိရသည်။

ဒီဇင်ဘာ ၄ ရက် အမေရိကန်ဒေါ်လာဈေးထိုးကျစဉ်က အခေါက်ရွှေတစ်ကျပ်သား ကျပ် ၉၉၂,၅၀ဝ အထိကျသွားကြောင်း၊ ထို့နောက် ဒေါ်လာဈေးဆက်တိုက်ပြန်တက်လာရာ ဒီဇင်ဘာ ၁၃ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၁,ဝ၃၉,၅၀ဝ အထိ ဈေးတက်ခြင်းဖြစ်ကြောင်း ရွှေဈေးကွက်မှ သိရသည်။

J-05