POST TYPE
LATEST NEWS POST
မှနမြာလုပသြား အခကွအြလကမြွားစငတြာ ထိုငြးတှငြ ဒီဇငဘြာ နောကဆြုံံးပတြ ဖှင့မြညြ
13-Dec-2018
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
ထိုင်းနိုင်ငံ စမုစခွန်ခရိုင် မဟာချိုင်မြို့တွင် မြန်မာလုပ်သားများ၏ အချက်အလက်များ စုဆောင်းထားမည့် Data Collection Center ကို ဒီဇင်ဘာလ နောက်ဆုံးအပတ်၌ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအရာရှိ ဦးစန်းမောင်ဦးက ပြောကြားသည်။
“အရင်က ထိုင်းမှာ အလုပ်သမားတွေက သက်တမ်းကုန်ရင် ဒီမှာသက်တမ်း လာတိုးရတယ်။ အခု အဲဒီစင်တာမှာ သက်တမ်းတိုးလို့ရတယ်။ ပိုပြီး လွယ်လွယ်ကူကူ လုပ်လို့ရသွားတာပေါ့”ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်က ဆိုသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာများအတွက် ၂၀၁၂ -၂၀၁၃ ခုနှစ်တွင် ယာယီထုတ်ပေးနေသော နိုင်ငံကူးလက်မှတ် (ခရမ်းရောင်စာအုပ်ပတ်စ်ပို့)၊ CI စာအုပ်များနှင့် နိုင်ငံကူးလက်မှတ် ပြောင်းလဲလျှောက်ထားလိုသူများ၊ MoU စနစ်ဖြင့် သက်တမ်း ၄ နှစ်ပြည့်ပြီး သက်တမ်းတိုးလိုသူများအတွက် အဆိုပါစင်တာတွင် ပြုလုပ်ပေးမည်ဖြစ်သည်။
အဆိုပါစင်တာတွင် ဦးဆုံးအနေနှင့် ထိုင်းနိုင်ငံတွင် တရားဝင် ထုတ်ပေးနေသည့် ခရမ်းရောင်ပတ်စ်ပို့စာအုပ်ဖြင့် တရားဝင် အလုပ်လုပ်ခွင့်ရရှိရန်နှင့် သက်တမ်းကုန်ဆုံးမည့်စာအုပ်များ သက်တမ်းတိုးသည့်အပိုင်း နှစ်ပိုင်းကို လာရောက်ပြုလုပ်နိုင်မည်ဖြစ်သည်။
J-18
- VIA
- Voice Admin
- SOURCES
- The Voice
-
08-Dec-2019
-
08-Dec-2019
-
08-Dec-2019
-
08-Dec-2019
-
08-Dec-2019
-
07-Dec-2019
-
01-Dec-2019