News

POST TYPE

LATEST NEWS POST

သမီးအရင်းကို မုဒိမ်းကျင့်သည့် ဖခင်ကို ထောင်အနှစ် ၂၀ အမိန့်ချ
07-Dec-2018



ပုသိမ်၊ ဒီဇင်ဘာ ၆

အသက် ၁၅ နှစ်အရွယ်ရှိ သမီးအရင်းကို မုဒိမ်းကျင့်ခဲ့သည့် ဖခင်ဖြစ်သူကို သက်ငယ်မုဒိမ်းမှုဖြင့် ထောင်အနှစ် ၂၀ ကျခံရန် မြောင်းမြခရိုင်တရားရုံးက ဒီဇင်ဘာ ၆ ရက်တွင် အမိန့်ချခဲ့ကြောင်း အဆိုပါတရားရုံးထံမှ သိရှိရသည်။

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ရွှေနံသာရွာအုပ်စု ပုလဲ၃ရပ်ကွက်တွင် နောက်အိမ်ထောင်နှင့်နေသည့် ဖခင် ဦးစန်းအေးနှင့် သမီးဖြစ်သူက နေထိုင်ခဲ့ကြောင်း၊ ဖခင်က မြောင်းမြနယ်ရှိ မိခင်အရင်းထံပို့ပေးမည်ပြောကာ ခေါ်ဆောင်သွားခဲ့ကြောင်း တိုင်ကြားချက်အရ သိရသည်။

မြောင်းမြမြို့နယ်လမ်းခရီး တောတွင်းနှင့် မြောင်းမြမြို့တည်းခိုခန်းတို့တွင် အရွယ်မရောက်သေးသူ သမီးအရင်းကို အကြိမ်ကြိမ်မုဒိမ်းမှုကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ထောင် နှစ် ၂၀ ကျခံရန် အမိန့်ချခြင်းဖြစ်ကြောင်း တရားရုံးအမိန့်တွင်ပါရှိသည်။

သမီးကို မုဒိမ်းကျင့်ပြီး မင်္ဂလာဒုံ၊ ရွှေနံသာရွာသို့ပြန်ခေါ်လာခဲ့သည်။ နေအိမ်ရောက်သည့်အခါ သမီးဖြစ်သူက မိထွေးနှင့် အစ်ကိုအရင်းကို ပြောပြရာ အစ်ကိုအရင်းက မေလကုန်ပိုင်းတွင် ရဲစခန်းသို့တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတရားရုံးထံမှ သိရှိရသည်။

R-12

ဓာတ်ပုံ-ပပ