News

POST TYPE

LATEST NEWS POST

၂၁ ရာစုပင်လုံညီလာခံ ထောက်ခံကြောင်း လက်မှတ်ကောက်ယူသည့် ကမ်ပိန်းစ
16-Nov-2018



မန္တလေး၊ နိုဝင်ဘာ ၁၅

ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့ကဦးဆောင်ကာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ညီလာခံ ထောက်ခံကြောင်း ငြိမ်းချမ်းရေး ဆန္ဒပြု လက်မှတ်များကောက်ယူသည့် ကမ်ပိန်းကို မန္တလေးမြို့တော်၌ နိုဝင်ဘာ ၁၅ ရက် နေ့က စတင်ပြုလုပ်ခဲ့သည်။

ယင်းသို့ ၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံလက်မှတ်များကောက်ယူမည့် ကမ်ပိန်းကို ငြိမ်းချမ်းရေးသင်္ဘော ဖြတ်သန်းရာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြို့ပေါင်း ၂၇ မြို့တွင် ပြုလုပ်မည်ဖြစ်ရာ နိုဝင်ဘာလ ၁၆ ရက် (ယနေ့) တွင် မန္တလေးမြို့မှ စစ်ကိုင်းမြို့သို့ စတင်ထွက် ခွာမည်ဖြစ်သည်။

ထိုသို့မထွက်ခွာမီ ရေကြောင်းခရီးစဉ်စတင်ရာ မန္တလေးမြို့တွင် ငြိမ်းချမ်းရေး လိုလားသူများထံမှ ဆန္ဒပြု လက်မှတ်ကောက်ခံခဲ့ပြီး စကားဝိုင်းဆွေးနွေးပွဲများနှင့် မနော်ရမ္မံဥယျာဉ်တွင် မြန်မာနိုင်ငံခရစ်ယာန် မျက်မမြင်များအသင်း မိတ်သဟာရ အဖွဲ့ဝင်များက ဂီတဖျော်ဖြေပွဲများ ပြုလုပ်ခဲ့သည်။

အဆိုပါရေကြောင်းခရီးစဉ်အရ ငြိမ်းချမ်းရေးသင်္ဘောသည် မန္တလေးမြို့မှ ရန်ကုန်မြို့အထိ ဆိပ်ကမ်းမြို့ ၂၇ မြို့တွင် ဆိုက်ကပ်မည်ဖြစ်ကာ ဆိုက်ကပ်ရာမြို့တိုင်းတွင် ငြိမ်းချမ်းရေးလိုလားသူများ၏ ဆန္ဒပြုလက်မှတ်ကောက်ခံခြင်း၊ ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲများ ကျင်းပခြင်းနှင့် ဂီတဖျော်ဖြေပွဲများ ပြုလုပ်မည်ဖြစ်သည်။

M-08