News

POST TYPE

LATEST NEWS POST

ဒေါ်အောင်ဆန်းစုကြည် အာဆီယံထိပ်သီး အစည်းအဝေး တက်ရန် စင်ကာပူသို့သွားရောက်
13-Nov-2018



ရန်ကုန်၊ နိုဝင်ဘာ ၁၂ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံထိပ်သီး အစည်းအဝေးတက်ရောက်ရန် စင်ကာပူနိုင်ငံသို့ နိုဝင်ဘာလ ၁၂ ရက်က သွားရောက်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ရုံးထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာလ ၁၃ ရက်မှ ၁၅ ရက် အထိ ကျင်းပပြုလုပ်မည့် ၃၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်ရန် သွားရောက်ခြင်းဖြစ်ကြောင်း အတိုင်ပင်ခံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်ကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် ရခိုင်ပြည် နယ်အရေးကို ဆွေးနွေးသင့်ကြောင်း နိုင်ငံတကာက တိုက်တွန်းမှုများရှိခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ဒေါ်အောင် ဆန်းစုကြည်သည် မိန့်ခွန်းပြောကြား ရန်ရှိနေပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ၊ ဒေသတွင်း လုံခြုံရေးကိစ္စရပ်များကို ပြောကြားရန်ရှိနေကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်မည့် အဆိုပါ အာဆီယံထိပ်သီး အစည်း အဝေးကို အခြားဒေသတွင်းနိုင်ငံများနှင့် ထိပ်သီးနိုင်ငံကြီးများဖြစ်ကြသည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ရုရှား၊ အမေ ရိကန်၊ ဩစတြေးလျနှင့် အိန္ဒိယနိုင်ငံ ခေါင်းဆောင်များလည်း တက်ရောက်ကြမည်ဖြစ်ကြောင်း အဆိုပါ အစည်းအဝေးက ထုတ်ပြန်ထားသည်။

J-08