POST TYPE
LATEST NEWS POST
ရန်ကုန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့ရေကြီး
12-Nov-2018

ရန်ကုန်၊နိုဝင်ဘာ ၁၂
ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၂ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း အဆိုပါမြို့နယ်များရှိ ပြည်သူများထံမှ သိရသည်။
အချိန်တိုအတွင်း မိုးများစွာ ရွာသွန်းမှုကြောင့် ဗဟန်း၊ တာမွေ၊ တောင်ဥက္ကလာပ၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ စမ်းချောင်း၊ မင်္ဂလာဒုံ၊ အင်းစိန်၊လှိုင်သာယာနှင့် မရမ်းကုန်းစသည့် မြို့နယ်များရှိ လမ်းမကြီးများတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း ၎င်းတို့ထံမှ ဆက်လက်သိရသည်။
“မိုးတွေ အဆက်မပြတ်ရွာလို့ မြောက်ဒဂုံမှာတော့ လမ်းမပေါ်တွေ ရေကြီးတယ်။ အိမ်ထဲထိ ရေဝင်တာတွေတော့ မရှိဘူး။ သင်တန်းက ပြန်လာတော့ ရွှေဂုံတိုင်ဘက်မှာ ရေတွေ တော်တော်ကြီးတာတော့ တွေ့ခဲ့ရတယ်”ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နေ မပြည့်ပြည့်က ဆိုသည်။
ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၂ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆင်ခြေဖုံး မြို့နယ်အချို့နှင့် မြို့တွင်း ဆက်စပ်မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သော်လည်း မြို့တွင်းမြို့နယ်များတွင် မိုးရွာသွန်းမှု နည်းပါးသောကြောင့် ရေကြီးရေကြီးမှု ဖြစ်ပွားခြင်းမရှိကြောင်း မြို့တွင်းမြို့နယ်တွင် နေထိုင်သူများထံမှ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ရေကြီးရေလျှံဖြစ်သည့် မြို့နယ်များကို နှစ်စဉ် ရေစီးရေလာကောင်းမွန်ပြီး မိုးရွာသွန်းပါက အမြန်ဆုံး ရေကျဆင်းစေရန် ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
ရန်ကုန်မြို့တွင် ရေကြီးရေလျှံမှု လျော့နည်းစေရန် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ ဘတ်ဂျက် ၁ ဘီလီယံ သုံးစွဲခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
J-10
- VIA
- Voice Admin
- SOURCES
- The Voice
-
24-Feb-2019
-
23-Feb-2019
-
23-Feb-2019
-
23-Feb-2019
-
23-Feb-2019
-
23-Feb-2019
-
15-Feb-2019