News

POST TYPE

LATEST NEWS POST

တရုတ်နည်းပညာအကူအညီဖြင့် စပ်မျိုးစပါးမျိုးသစ်များ သုတေသနပြုလုပ်
09-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၈

တရုတ်နိုင်ငံမှ နည်းပညာအကူအညီဖြင့် စပ်မျိုးစပါးမျိုးအသစ်များကို သုတေသနပြုလုပ်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနထံမှ သိရသည်။

လက်ရှိသုတေသနပြုလုပ်နေသည့် စပ်မျိုးစပါးများသည် စပ်မျိုးစွမ်းရည် (Hybird Vigor) ကြောင့် သာမန်စပါးမျိုးထက် ၃၀ ရာခိုင်နှုန်း ပိုမိုထွက်ရှိပြီး Three Line စပ်မျိုး မျိုးအသစ်နှင့် Two Line စပ်မျိုး မျိုးအသစ်များရရှိရန် အလားအလာကောင်းများရှိကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။

လာမည့်ဒီဇင်ဘာလအတွင်း ယင်းစပ်မျိုးအသစ်များကို မိတ်ဆက်ပေးနိုင်တော့မည်ဖြစ်ပြီး မျိုးသစ်များသည် စပါးအထွက်နှုန်းကောင်းသည့်အတွက် တောင်သူများအတွက် အကျိုးရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနထံမှ သိရသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာနသည် စားနပ်ရိက္ခာဖူလုံရေးအတွက် စပါးသီးနှံမျိုးသစ်များကို သုတေသနပြုလုပ်ကာ တောင်သူများထံ မိတ်ဆက်ပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတွင် ဒေသစပါးမျိုးများ၊ အထွက်ကောင်းစပါးမျိုးများ၊ အရည်အသွေးကောင်း စပါးမျိုးများနှင့် စပ်မျိုးစပါးမျိုးများဟူ၍ အုပ်စုလေးခုခွဲ စိုက်ပျိုးလျက်ရှိသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနသည် ပြည်ပဈေးကွက်ဝင်ပြီး အထွက်နှုန်းကောင်းသည့် စပ်မျိုးစပါး သုတေသနများအပြင် နှမ်းနှင့် ပဲတီစိမ်း မျိုးအသစ်များကိုလည်း သုတေသနပြုလုပ်လျက်ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလကလည်း ရွက်ခြောက်ရောဂါဒဏ် ပိုမိုခံနိုင်သည့် ဆင်းသုခစပါးမျိုးသစ်တစ်မျိုးကို သုတေသနတွေ့ရှိပြီး ၂၅ ဧကခန့် စမ်းသပ်စိုက်ပျိုးထားသည်။

J-11