News

POST TYPE

LATEST NEWS POST

တောင်သာတွင် ကျေးရွာ ဖွံ့ဖြိုးရေး ကျပ်သိန်းတစ်ရာစီချထားပေးမည်
08-Nov-2018

မိတ္ထီလာ၊ နိုဝင်ဘာ ၈ 

လက်ရှိဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံချက်အရ တောင်သာမြို့နယ်ရှိ ကျေးရွာ ၁၂ ရွာကို ကျပ်သိန်း တစ်ရာစီ ချထားပေးမည်ဖြစ်ကြောင်း တောင်သာ မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက ပြောကြားသည်။

“ဒါက ပြည်ထောင်စု ရန်ပုံငွေပါ။ အရင်တုန်းက မြစိမ်းရောင်ချေးငွေဆိုပြီး ပေးတာ။ ဒီဘက်ခေတ်မှာ ကျေးရွာ ဖွံ့ဖြိုးရေးဆိုပြီး သိန်းတစ်ရာစီချပေးတာ။ ကျေးရွာတွေက ပထမဦးစားပေး ဒုတိယ ဦးစားပေး တတိယဦးစားပေးဆိုပြီး စီမံကိန်းတွေ ရေးပြီးတင်ရတယ်။ အဲဒါတွေကို အကောင်အထည်ဖော်ရတာပါ။ ပိုက်ဆံက ဇန်နဝါရီလလောက် ထုတ်ပေးနိုင်မယ်ထင်တယ်”ဟု ၎င်းက ပြောဆိုသည်။ 

ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲတင်ပြထားသော အဓိက လုပ်ငန်းများမှာ သောက်သုံးရေ ရရှိရေး၊ လျှပ်စစ်မီးလင်းရေးနှင့် ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ရေးတို့ဖြစ်ကြောင်း စီမံကိန်း ဆောင်ရွက်မည့် ဒေသခံ ကျေးရွာစီမံခန့်ခွဲရေးအဖွဲ့များထံမှ သိရသည်။ 

တောင်သာမြို့နယ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ကိုင်ရန် အစိုးရ ထောက်ပံ့ငွေ ရရှိမည့် ကျေးရွာများမှာ အလယ်ချိုင့်အရှေ့ရွာ၊ ညောင်ကုန်းရွာ၊ ချင်းယားတောင်ရွာ၊ အရှေ့ဘက် တဲရွာ၊ နဘဲကန်ရွာ၊ မင်းရင်ရွာ၊ နဂါးဗိုလ်ရွာ၊ ထနောင်းကုန်းမြောက်ရွာ၊ ရွာတန်းရှည်ရွာတို့ကို ရွေးချယ်ထားကြော်ငး တောင်သာမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးထံမှလည်း သိရသည်။ 

R-01