News

POST TYPE

LATEST NEWS POST

အဖြူရောင်တွဲလက်များအဖွဲ့က စစ်ရှောင်ကလေးများကို အခမဲ့ဆေးကုပေးမည်
23-Oct-2018

မြစ်ကြီးနား၊ အောက်တိုဘာ ၂၂

ရန်ကုန်အဖြူရောင် တွဲလက်များအဖွဲ့မှ မြစ်ကြီးနားနှင့် ဆဒုံးမြို့စစ်ဘေးရှောင်စခန်းများရှိ ကလေးငယ်များကို ဆေးဝါးအခမဲ့ကုသပေးမည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၂၄ ရက်နေ့မှ ၂၉ ရက်နေ့အထိ စစ်ဘေးရှောင်စခန်းနေ ကလေးငယ်နှင့် ဘေးပတ်ဝန်းကျင်ရှိ ရပ်ကွက်အတွင်းမှ ကလေးငယ်များကို ကျန်းမာရေးစစ်ဆေးမှုများ၊ ဆေးကုသမှုများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့မှသိရသည်။

အဆိုပါဆေးဝါးကုသမှုကို ရန်ကုန်အဖြူရောင် တွဲလက်များအဖွဲ့မှ ဦးဆောင်၍ ဆရာဝန်များကို ဖိတ်ခေါ်ပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆေးဝါးများကို ကချင်ပြည်နယ် လီဆူတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနတို့က ထောက်ပံ့ကူညီပေးမည်ဖြစ်သည်။

R-06