News

POST TYPE

LATEST NEWS POST

ဇနီးဖြစ်သူနှင့် ကွာရှင်းခဲ့သော ခင်ပွန်းအမျိုးသား ကြိုးဆွဲချအဆုံးစီရင်
22-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၂၂

ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ လောက်လေးချောင်းကျေးရွာတွင် ဇနီးဖြစ်သူနှင့် ကွာရှင်းလိုက်သည့် အမျိုးသားတစ်ဦး အောက်တိုဘာလ ၂၁ ရက်က ကြိုးဆွဲချ အဆုံးစီရင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

သေဆုံးသူ အသက် ၂၅ နှစ် အမျိုးသားမှာ လောက်လေးချောင်း ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး လွန်ခဲ့သည့် ရက် ၂၀ ခန့်က ၎င်း၏ဇနီးဖြစ်သူနှင့် နှစ်ဦးသဘောတူ ကွာရှင်းခဲ့ပြီးနောက် အရက်အလွန်အကျွံ သောက်စားကာ မိမိကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

“သေဆုံးသူက အိမ်ထောင်ကွဲပြီး သူ့အိမ်မှာ တစ်ယောက်ထဲ ကျန်ခဲ့တာ။ အရက်ပဲ ဖိသောက်နေတဲ့ အစ်ကိုဖြစ်သူက စိတ်ညစ်ပြီး ကြိုးဆွဲချ အဆုံးစီရင်ခဲ့တာ ဖြစ်မယ်လို့ တစ်ရွာထဲနေ သေဆုံးသူရဲ့ညီဖြစ်သူက ပြောတယ်။ သေမှုသေခင်း ရေးဖွင့်ပြီး အမှုကို စစ်ဆေးနေပါတယ်”ဟု ရဲအရာရှိက ပြောသည်။

ယခုနှစ် ရန်ကုန်တိုင်းဒေသကြီးတွင် ဇန်နဝါရီလမှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ အကြောင်းအမျိုးမျိုးကြောင့် ကြိုးဆွဲချ လူသေဆုံးသူ ၁၇၀ ဦးခန့်ရှိပြီး စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အဆင်မပြေမှုတို့ကြောင့် သေဆုံးသူ ဦးရေ ၁၁၀ဝ နီးပါးရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03