News

POST TYPE

LATEST NEWS POST

ထိုင်းမှ နေရပ်ပြန်မြန်မာလုပ်သားများ ယာဉ်မတော်တဆဖြစ်၍ ၁၁ ဦးသေဆုံး
22-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၂၁

ထိုင်း (မဟာချိုင်) မှ မဲဆောက်သို့ နေရပ်ပြန်လာသော မြန်မာလုပ်သား ၁၅ ဦး လိုက်ပါလာသော မော်တော်ယာဉ် အောက်တိုဘာလ ၂၁ ရက် နံနက်ပိုင်းက ကန်ဖယ်ဖစ်ခရိုင် ခေါင်းခူမြို့နယ် မိုင်တိုင် 421 Km တွင် အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ဝင်တိုက်ပြီး ကားမီးလောင်မှုဖြစ်ပွားခဲ့ရာ ၁၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းနိုင်ငံမှ မြန်မာအလုပ်သမား အရေးဆောင်ရွက်သူ ဦးစောမောင်က ပြောကြားသည်။

“ထိုင်းယာဉ်မောင်းအပါ မြန်မာအလုပ်သမား ၉ ဦးက ပွဲချင်းပြီးသေတယ်။ ခုနစ်ယောက်ကို ဆေးရုံတင်ရင်း ဆေးရုံရောက်မှ ၂ ယောက် ထပ်သေတယ်”ဟု ၎င်းက ဆိုသည်။

ထို့အပြင် ဒဏ်ရာရရှိသူ ငါးဦးကို ဆေးရုံနှစ်ရုံခွဲပို့ထားကြောင်း မဲဆောက် မြန်မာသံအရာရှိ ဦးအောင်မင်းက ပြောကြားသည်။

“ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ဒဏ်ရာရရှိတဲ့သူတွေကို ဆေးရုံကို ပို့နေပါတယ်။ ကျန်တာစစ်ဆေးနေတုန်းပါ။ ဘယ်သူဘယ်ဝါတွေဆိုတာကို မိသားစုကိုဆက်သွယ်ဖို့ ဆောင်ရွက်နေတယ်”ဟု ၎င်းက ဆိုသည်။ 

ဒဏ်ရာရရှိသူ ငါးဦးကို ကန်ဖယ်ဖစ် ဆေးရုံနှင့် Klong  Klong ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်။  

J-18


  • VIA