News

POST TYPE

LATEST NEWS POST

အမေရိကန်သို့လာနေသည့် ရွှေ့ပြောင်းလူတန်းကြီး မက္ကဆီသို့ အရံအတားများကိုကျော်ပြီး ဝင်လာပြီ
21-Oct-2018



မက္ကဆီကိုစီးတီး၊ အောက်တိုဘာ ၂၀

ဗဟိုအမေရိကနိုင်ငံများမှသည် အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ချင်သောကြောင့် လာနေကြသော ရွှေ့ပြောင်းလူအုပ်ကြီးသည် မက္ကဆီကိုနိုင်ငံသို့ ဝင်ခွင့်တားမြစ်ခံထားရရာမှ ယခုအခါ အတားအဆီးများကို ကျော်ဖြတ်ကာ မက္ကဆီကိုထဲသို့ ဝင်ရောက်လာပြီဖြစ်ကြောင်း BBC သတင်းတစ်ရပ်က ဆိုသည်။

ဂွါတီမာလာနှင့် မက္ကဆီကိုနယ်စပ်တွင် မက္ကဆီကိုဘက်က ပိတ်ထားပြီး အဓိကရုဏ်းရဲများဖြင့် စောင့်ကြပ်နေခဲ့သော်လည်း အတားအဆီးများကို ရွှေ့ပြောင်းများက ချိုးဖျက်ဝင်လာကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သောကြာနေ့ကပင် ရွှေ့ပြောင်းများကို ပိတ်ထားပေးသဖြင့် ကျေးဇူးတင်ပါကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကျေးဇူးစကားပြောခဲ့သေးသည်။ 

ရွှေ့ပြောင်းများသည် ဟွန်ဒူးရပ်စ်မှ လာကြသူများဖြစ်ကာ အမျိုးသမီးများနှင့် ကလေးများပါဝင်ပြီး အကြမ်းဖက်ခြင်းများ၊ ဆင်းရဲနွမ်းပါးခြင်းများကြောင့် တိမ်းရှောင်လာကြသူများ ဖြစ်ကြသည်။ 

အမေရိကန်နယ်စပ်ကို ပိတ်ပစ်မည်ဖြစ်ကာ၊ လိုအပ်ပါက စစ်တပ်၏ အကူအညီကိုယူမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ 

“သူတို့ လှည့်ပြန်ရမှာပါ။ သူတို့ ဒီနိုင်ငံထဲကိုလာရမှာ မဟုတ်ပါဘူး” ဟု ဒေါ်နယ်ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။ 

မက္ကဆီကို နယ်စပ်လုံခြုံရေးနှင့်ပတ်သက်၍ အခြေအနေများသည် အကျပ်အတည်းကာလဖြစ်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောကြားခဲ့သည်။ 

ဂွါတီမာလာနှင့် မက္ကဆီကိုကြားရှိ အကာအရံများကို ရိုက်ချိုးကာ ရာပေါင်းများစွာသော ဗဟိုအမေရိကဒေသမှ ရွှေ့ပြောင်းများ မြစ်ကူးတံတားကို ကျော်ဖြတ်ဝင်လာကြပြီဖြစ်သည်။

အဆိုပါ ရွှေ့ပြောင်းလူအုပ် နောက်ပြန်ဆုတ်သွားစေရန်အတွက် ဒါဇင်ပေါင်းများစွာသော မက္ကဆီကို အဓိကရုဏ်းနှိမ်နင်းရေးရဲများက မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့သော်လည်း အဆိုပါ လူသူမနီးဒေသကြီးအတွင်း ရွှေ့ပြောင်းအုပ်က မက္ကဆီကိုထဲ ဝင်သွားကြပြီဖြစ်သည်။ 

အချို့သော ရွှေ့ပြောင်းများက မြစ်ထဲခုန်ချကာ တစ်ဖက်ကမ်းသို့ သွားကြပြီး အချို့ကတံတားပေါ်တွင် ပြန်ထိုင်နေကြသည်။

F-04