News

POST TYPE

LATEST NEWS POST

မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတရုပ်တု ညောင်ရွှေတွင်ဖွင့်လှစ်
19-Oct-2018



မန္တလေး၊ အောက်တိုဘာ ၁၉

မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတဖြစ်သော ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၏ ပုံတူ ကြေးရုပ်တုဖွင့်ပွဲကို ယနေ့ (အောက်တိုဘာလ ၁၉ ရက်နေ့) ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွားကြီးသည် ၁၈၉၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ဖွားမြင်ပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ် ချုပ်ဆိုရာ၌ ပါဝင်ခဲ့သည်။

၁၉၄၈ ခုနှစ်မှ ၁၉၅၂ ခုနှစ်အထိ သမ္မတတာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၆၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း၌ ကွယ်လွန်ခဲ့သည်။

M-01