News

POST TYPE

LATEST NEWS POST

အိမ်သာကျင်းထဲကျသည့်ဖုန်းကို ဆင်းဆယ်ရာမှ ကျောင်းသား ၄ ဦးသေဆုံး
17-Oct-2018

ချောက်၊ အောက်တိုဘာ ၁၇

နတ်မောက်မြို့နယ် ဈေးကုန်းရွာရှိ ပညာဥယျာဉ်ဘော်ဒါဆောင်တွင် ယနေ့ မနက်ပိုင်းက အိမ်သာကျင်းထဲကျသည့်ဖုန်းကို ဆင်းဆယ်ရာမှ ကျောင်းသားလေးဦးသေဆုံးခဲ့ကြောင်း အဆိုပါမြို့နယ် ရွှေပန်းတောနယ်မြေရဲစခန်းထံမှ သိရသည်။

အောက်တိုဘာ ၁၆ ရက် ည ၇ နာရီက အဆိုပါ ဘော်ဒါဆောင်၏ Guide ဆရာ ကိုရှိုင်းထက်ဝဏ္ဏဇော်၏ SAMSUNG ဖုန်း အိမ်သာကျင်းထဲသို့ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး ယနေ့မနက်တွင် မောင်သန်းတိုးအောင်(၁၅ နှစ်) က ပထမဆုံး အိမ်သာကျင်းထဲဆင်းသွားခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းအရသိရသည်။

ထို့နောက် အပေါ်ပြန်တက်မလာသဖြင့် မောင်ထိုက်မင်းရှိန် (၁၄ နှစ်)၊ မောင်ဇေယျာမင်းချစ် (၁၆ နှစ်)၊ မောင်ဟိန်းထက်စံ (၁၆ နှစ်) တို့ ထပ်ဆင်းသွားရာ အပေါ်သို့ လုံးဝပြန်မတက်လာသည်ကို မောင်ဝေဖြိုးကသိရှိ၍ ဝိုင်းဝန်းဆယ်ယူကာ ဆေးရုံပို့သို့သော်လည်း သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲစခန်းထံမှ သိရသည်။

ထို့ကြောင့် နတ်မောက်မြို့နယ် ရွှေပန်းတောနယ်မြေရဲစခန်းက သေမှုသေခင်းရေးဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်ဟု အဆိုပါရဲစခန်းမှ သိရှိရသည်။

R-24