News

POST TYPE

LATEST NEWS POST

ဖုယွင်သပိတ် အကြမ်းဖက်ခံရမှု ရှုတ်ချကြောင်း လက်ကမ်းစာစောင်ဝေသူ ၂ ဦးဖမ်းဆီးခံရ
16-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက်

ဖုယွင်အလုပ်သမားသပိတ် အကြမ်းဖက်ခံရမှု ရှုတ်ချကြောင်း မျက်နှာဖုံးစွပ် လက်ကမ်းစာစောင်ဝေသူ ၂ ဦး ဖမ်းဆီးထားကြောင်း စမ်းချောင်းမြို့နယ်တာဝန်မှူးက ပြောကြားသည်။

“ဟုတ်တယ်။ ၂ ယောက် စစ်ဆေးနေတုန်း သတင်းထုတ်ပြန်ပေးပါမယ်”ဟု တာဝန်မှူးကပြောကြားသည်။

ဗကသကျောင်းသား ကိုနှင်းအောင်နှင့် ကိုဝေယံ စမ်းချောင်းရဲစခန်းတွင် ဖမ်းဆီးခံထားရကြောင်း ဖုယွင်အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ မသက်ထားဆွေက ပြောကြားသည်။

ဖုယွင် အလုပ်သမားသပိတ် အကြမ်းဖက်ခံရမှုနှင့်ပတ်သက်ပြီး မြေနီကုန်းတွင် အောက်တိုဘာလ ၁၆ ရက် ည ၇ နာရီခန့်တွင် မျက်နှာဖုံးစွပ် လူငယ်အချို့က ရှုတ်ချကြောင်း လက်ကမ်းစာစောင်များဝေပြီး ဗီနိုင်းကိုင်ဆောင် လမ်းလျှောက်ဆန္ဒပြနေစဉ် အရပ်ဝတ်လူတစ်စုက ၀င်ရောက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းကဆိုသည်။

J-18