News

POST TYPE

LATEST NEWS POST

ပဲခူးတိုင်းရှိ မြို့နယ်ငါးခုတွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းစ
16-Oct-2018



ပြည်၊ အောက်တိုဘာ ၁၆

ပဲခူးတိုင်း အနောက်ပိုင်း မြို့နယ်ငါးမြို့နယ်တွင် အခြေခံပညာစာတတ်မြောက်ရေးလုပ်ငန်းကို ယနေ့မှစ၍ နိုဝင်ဘာလ ၂၄ ရက်အထိ သင်ကြားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

အခြေခံပညာ စာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၅ ရက်က ပြည်မြို့ သီရိခေတ္တရာ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ရာ ထိုအခမ်းအနားတွင် ဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ပေါက်ခေါင်း၊ ပေါင်းတည်၊ သာယာဝတီ၊ အုတ်ဖိုနှင့် လက်ပံတန်းမြို့နယ်တို့တွင် သန်းခေါင်စာရ်ငးအရ အသက် ၁၅ နှစ်အထက် စာမတတ်သူ ၂၀၀၀ ကျော်ရှိရာ ယခုအခါ ရပ်ကွက်၊ ကျေးရွာများအထိ ကွင်းဆင်းသင်ကြားမည်ဖြစ်သည်။

“အခုနောက်ပိုင်း ကလေးတွေ ကျောင်းထွက်နှုန်းတွေ တော်တော်လေးလျော့သွားပြီလို့ ပြောလို့ရတယ်။ ဒါကြောင့် သက်ကြီးစာတတ်မြောက်မှုနှုန်းမြင့်မားရေးကို ကြိုးစားဆောင်ရွက်ပေးနေပါတယ်” ဒေါက်တာမျိုးသိမ်းကြီးက ပြောဆိုသည်။

စာတတ်မြောက်ရေးပါဝင်သင်ကြားပေးမည့် ပြည်ပညာရေးကောလိပ်မှ မသင်းထက်ထက်ဇော်က “အဓိကတော့ အရေးအဖတ်အတွက် အခြေခံလေးတွေသင်ပေးရမယ်..။လူတိုင်းကစာတတ်သင့်တယ်လို့ထင်တယ်”ဟု ပြောသည်။

အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကိုဆောင်ရွက်ခြင်းဖြင့် သက်ကြီးစာတတ်မြောက်မှုနှုန်း မြင့်မားရေးနှင့် စဉ်ဆက်မပြတ် ပညာသင်ယူမှုကိုမြှင့်တင့်နိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောဆိုသည်။

M-06