News

POST TYPE

LATEST NEWS POST

ထီးလင်း-ပေါက်လမ်းပိုင်း မြေပြင်အက်ကွဲ
15-Oct-2018



ချောက်၊ အောက်တိုဘာ ၁၅

မိုးရာသွန်းမှုကြောင့် ထီးလင်း-ပေါက်လမ်းပိုင်း၏ ထီးလင်းမြို့နယ် အညာဘန်းရွာအရှေ့ဘက်တစ်မိုင်ခန့်အကွာလမ်းပိုင်းတွင် အောက်တိုဘာ ၁၃ ရက်မှစ၍ ယနေ့အထိ လမ်းပိုင်းမြေပြင်အက်ကွဲကာ လမ်းပျက်စီးနေကြောင်း ထီးလင်းမြို့နယ်ထွေအုပ်ရုံးထံမှ သိရှိရသည်။

အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက အညာဘန်းရွာအရှေ့ဘက်တစ်မိုင်ခန့်အကွာ မိုင်တိုင် ၈၁ မိုင် ၇ ဖာလုံမှ ၈၂ မိုင်အထိ မြေပြိုကျခြင်း၊ အက်ကွဲခြင်းရှိရာမှ အောက်တိုဘာ ၁၄ ရက်တွင် မိုင်တိုင် ၈၂ မှ ၈၂ မိုင် ၃ ဖာလုံအထိ ဆက်လက်အက်ကွဲလာသည်ဟု အဆိုပါရုံးထံမှ သိရသည်။

ဆောမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမင်းသိဒ္ဓိက "လမ်းပျက်တယ်ဆိုတာထက် တောင်ကြီးတစ်ခုလုံး ပြိုကျမယ့်အန္တရာယ်မျိုး..။ မြေပြတ်ရွှေ့ပြီး ပြိုကျတဲ့ပုံစံမျိုး" ဟု သုံးသပ်ပြောကြားသည်။

ထိုလမ်းပိုင်းအခြေအနေအတွက် တိုင်းအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး၊ ပြုပြင်မှုများလုပ်ဆောင်နေပြီး အဆိုပါလမ်းပိုင်းသည် ယခင်လမ်းဟောင်းလမ်းပိုင်းဖြစ်ပြီး ကျင်းမှ ထီးလင်းသို့သွားသည့်လမ်းဖြစ်ကြောင်း ဆောမြို့နယ်ထွေအုပ်ရုံးထံမှ သိရှိရသည်။

R-24