News

POST TYPE

LATEST NEWS POST

တောင်တွင်းကြီး ဆေးရုံကိစ္စ တန်ပြန်ဆန္ဒပြ
12-Oct-2018

r

ချောက်၊ အောက်တိုဘာလ ၁၂

မကွေးတိုင်း တောင်တွင်းကြီးမြို့၌ တောင်တွင်းကြီး ဆေးရုံကိစ္စဆန္ဒပြခံရမှုကို ယနေ့ နံနက်ပိုင်းတွင် ဒေသခံပြည်သူ ၂၀၀ ခန့်က တန်ပြန်ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ကြောင်း ယင်းဆန္ဒပြပွဲကို ဦးဆောင်သူ ရွှေအို ၁ ရပ်ကွက်နေ ဦးစိုးမင်း (ခ) စော်ဘွားကြီးက ဆိုသည်။

“အမှန်တရားပေါ်ပေါက်ရေးအတွက် လွန်ခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့က တစ်ဖက်သတ် ဆန္ဒပြသွားတယ်။ ဝန်ထမ်းစည်းကမ်းလည်း နားမလည် ကျန်းမာရေး ဗဟုသုတလည်း မရှိဘဲနဲ့ တစ်ဖက်သတ် ဆန္ဒပြသွားတယ်။ လူ ၅၀ နဲ့ ဦးကျော်မိုး ဦးဆောင်ပြီး ဆန္ဒပြသွားတယ် အဲဒါကို တန်ပြန်ပြီးဆန္ဒပြတာ မဟုတ်မမှန် ဆိုတဲ့အကြောင်း” ယင်းဆန္ဒပြပွဲကို ဦးဆောင်သူ ရွှေအို ၁ ရပ်ကွက်နေ ဦးစိုးမင်း (ခ) စော်ဘွားကြီးက ပြောသည်။

ယင်းဆန္ဒဖော်ပွဲထုတ်ပွဲ၌ ကြွေးကြော်သံ ၅ ချက်ဖြင့် ဆန္ဒဖော်ထုတ်ခဲ့သည်။ 

“မြို့နယ် စေတနာ ဆရာဝန်ကြီးအား ဂုဏ်သိက္ခာ ကျဆင်းအောင် ပြုလုပ်၍နေခြင်း။ အမှန်တရားကို ဖုံးကွယ်ပြီး လူထုအား လှည့်စားနေခြင်း ချက်ခြင်းရပ်။ ဌာနဆိုင်ရာ လုပ်ထုံလုပ်နည်း စည်းကမ်းများ သေချာမသိဘဲ တစ်ဖက်သတ် စွတ်စွဲနေမှုများ ရပ်တန့်စေရေး ။ ဆေးပညာရပ်အကြောင်း လေ့လာမှုမရှိ အသေးစိတ်မသိဘဲ တစ်ဖက်သတ် စွတ်စွဲပြောဆိုနေမှုများ ရပ်တန့်ရေး။ စိတ်ခံစားမှု စိတ်အခြေဖြင့် ကိုယ်ရေးကိုယ်တာ ကိစ္စကို ရှေ့တန်းတင်ပြီး စွတ်စွဲခဲ့မှုကြောင့် မြို့နေလူထ၏ ကျန်းမာရေး စောင့်ရှောက်မှု မထိခိုက်ရေး”တို့ဖြစ်သည်ဟု ယင်းဆန္ဒဖော်ထုတ်ပွဲထံမှ သိရှိရသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ခြင်းအား အင်ကြင်း ၂ ရပ်ကွက် ဗိုလ်ချုပ်ပန်းခြံတောင်ဘက်ပေါက်မှ စတင်ပြီး တောင်တွင်းကြီး-မကွေးလမ်း ဘူတာပတ်လမ်း အကြည်တော်လမ်းဆုံ ပြည်-တောင်တွင်းကြီးလမ်း မြို့လည်လမ်းဆုံ စထွက် ဗိုလ်ချုပ်ပန်းခြံတောင်ဘက်အထိ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ပြီး ကြွေးကြော်ဆန္ဒဖော်ထုတ်ခဲ့သည်။

ယင်းမြို့၌ ယခုလ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ဒေသခံပြည်သူ ၅၀ ဦးခန့်မှ တောင်တွင်းကြီးပြည်သူ့ဆေးရုံအုပ်နှင့် ဆေးရုံဝန်ထမ်းတချို့အား ဆန္ဒဖော်ထုတ်ခဲ့သည်။ ယင်းဆန္ဒဖော်ထုတ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဆင်းရဲနွမ်းပါးသော အခြေခံလူတန်းစားပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုကောင်းတစ်ရပ် ပေါ်ပေါက်လာရေး ဆင်းရဲနွမ်းပါးပြည်သူများအား ဆေးရုံအုပ် ဆရာဝန်ကြီးမှ ခွဲခြားဆက်ဆံတဲ့အတွက် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပြီး တောင်းဆိုချက် ၁၁ ချက် တောင်းဆိုခဲ့သည်ဟု ၄င်းဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ အုန်းတော ၂ ရပ်ကွက်နေ ဦးကျော်မိုးက ထိုဆန္ဒဖော်ချိန်က ပြောကြားခဲ့သည်။

R-24