News

POST TYPE

LATEST NEWS POST

ကြက်ခိုးသည့် အမျိုးသား သေနတ်ဖြင့် ပစ်ခံရ
12-Oct-2018

ကျိုင်းတုံ၊ အောက်တိုဘာ ၁၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ် (၂၈) မိုင်ရွာတွင် အောက်တိုဘာ ၉ ရက် နံနက် ၇ နာရီခန့်က ကြက်ခိုးသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် အပစ်ခံခဲ့ရကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှူး ဒုရဲမှူး သန်းထွန်းအောင်က ပြောကြားသည်။

“တူမီးသေနတ်နဲ့အပစ်ခံရတဲ့ ကောင်လေးက ကြက်ခိုးလို့ ညီအစ်ကိုသုံးယောက်က သေနတ်နဲ့လိုက်ပစ်တာပါ။ လူနာက စိုးရိမ်စရာ မရှိသလို တရားခံ ညီအစ်ကို သုံးယောက်ကိုလည်း မနေ့က ဖမ်းမိပါတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ ဖြစ်စဉ်တွင် လီရှီး (၃၀ နှစ်) သည် ယာဘက်ခါး လက်မဝက်ခန့် ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ယာဘက်ဝမ်းဗိုက် လက်မဝက်ခန့် ဖောက်ဝင်ဒဏ်ရာတစ်ချက် ရရှိခဲ့သည့်အတွက် သေနတ်ဖြင့်ပစ်သည့် လီဗျော့ (၂၂ နှစ်)၊ လီမ (၃၃ နှစ်) နှင့် လီယို (၄၀ နှစ်) တို့ ညီအစ်ကိုသုံးဦးကို ရာဇသတ်ကြီးပုဒ်မ ၃၀၇/၁၁၄ ဖြင့် အရေးယူထားကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။

R-16