News

POST TYPE

LATEST NEWS POST

မိဘကို မကျေနပ်၍ သားကို ဖမ်းဆီးခေါ်ဆောင်
07-Oct-2018

တောင်ငူ၊ အောက်တိုဘာ ၆

ပဲခူးတိုင်း ဖြူးမြို့နယ်ညောင်ပင်သာကျေးရွာ ဇေယျာသီရိ ၁ လမ်းတွင် နေထိုင်သည့် မိသားစုတစ်စုအား မကျေနပ်၍ ၁၀ နှစ် အရွယ် သားဖြစ်သူကို အောက်တိုဘာလ ၄ ရက်နေ့ ညနေပိုင်းက ခေါ်ဆောင်သွားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းကလေးကို ခေါ်ဆောင်သွားသူအား အခင်းဖြစ်ပြီး မကြာမီပြန်မိသဖြင့် ညောင်ပင်သာနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ယင်းမိသားစုထံမှ သိရသည်။

“ဒီကောင်လေး (ကလေးကို ခေါ်သွားသူ) က ကျွန်တော့် အမျိုးသမီးရဲ့ အမျိုးပါ။ သူတို့အိမ်ထောင်ကွဲနေရတာ ကျွန်တော်တို့ မိသားစုကြောင့်လို့လည်း တွေးထားပုံရတယ်” ဟု ကလေးဖခင် ဦးတင်ထွန်းအောင် (ခ) မော်ကြီးက ပြောဆိုသည်။

အသက် ၁၀ နှစ်အရွယ် ကလေးသည် သူငယ်ချင်းများနှင့် လမ်းပေါ်တွင် ကစားနေစဉ် ကညွတ်ကွင်းမြို့နေ ကျော်ထူးနောင် (၂၅ နှစ်) က ခေါ်ဆောင်သွား၍ လိုက်လံရှာဖွေရာ ဇေယျဝတီမြို့တွင် မသင်္ကာဖွယ်အနေအထားများကြောင့် ဇေယျဝတီမြို့မ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည့်အတွက် ကျော်ထူးနောင်ကို ညောင်ပင်သာနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ - ၃၆၃ ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

R-15