POST TYPE
LATEST NEWS POST
လက်ပံတောင်း မြေယာလျော်ကြေးကိစ္စ ဦးပိုင်နှင့် ဒေသခံများ ဆွေးနွေး
04-Oct-2018
မုံရွာ၊ အောက်တိုဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မြေယာလျော်ကြေးကိစ္စနှင့်ပတ်သက်၍ ဦးပိုင်ကုမ္ပဏီနှင့် ဒေသခံများက အောက်တိုဘာလ ၃ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဆွေးနွေးခဲ့ကြသည်။
ကြေးနီစီမံကိန်း မြန်မာ့စီးပွားရေးဦးပိုင်မှ ဗိုလ်မှူးကျော်ဇေယျ၊ မြို့နယ်ထွေ။အုပ်၊ ခရိုင်ထွေ/အုပ်နှင့် ဒေသခံကိုယ်စား ၇ ဦး ကော်မတီတို့က ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဆွေးနွေးမှုတွင် စီမံကိန်းကြောင့် မြေယာဆုံးရှုံးသူ မြေယာလျော်ကြေးထုတ်ယူခြင်းမရှိသေးသည့် တောင်သူများက တစ်ဧကလျှင် ကျပ်သိန်း ၁၉၀ ပေး လျော်စေလိုကြောင်း တောင်းဆိုခဲ့သည်ဟု လက်ပံတောင်းတောင်အထွေထွေ ကော်မတီဝင် ဒေါ်စန်းနွဲ့က ပြောကြားသည်။
“အစီရင်ခံစာမှာပါတဲ့ ကာလပေါက်ဈေးကို တောင်းပါတယ်။ လာတဲ့သူက အပြီးဆုံးဖြတ်နိုင်သူမဟုတ်တော့ အဖြေမထွက်ပါဘူး။ ကျွန်မတို့ဘက်က လက်ရှိအရောင်းအဝယ်လုပ်ထားတဲ့ စာချုပ်တွေ သက်သေပြတောင်းဆိုတာ” ဟု ၎င်းက ဆိုသည်။
အဆိုပါ ဒေသခံများကိုယ်စား လက်ပံတောင်းတောင် အထွေထွေကော်မတီတွင် တုံရွာ၊ ဆည်တည်းနှင့် မိုးကြိုးပြင်တောင်ရွာ မြောက်ရွာနှင့် အလယ်ရွာတို့မှ ကိုယ်စားပြုသည့် တောင်သူ ၇ ဦးပါဝင်ပြီး ယင်းကော်မတီကို မြို့နယ်ရုံးအကြံပြုချက်အရ အောက်တိုဘာ ၁ ရက်နေ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ကော်မတီထံမှ သိရသည်။
R-08
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
15-Jan-2021
-
15-Jan-2021
-
15-Jan-2021
-
15-Jan-2021
-
15-Jan-2021
-
15-Jan-2021
-
12-Jan-2021