News

POST TYPE

LATEST NEWS POST

မောင်တော သဲချောင်းရွာကို ဘင်္ဂါလီဓားပြများ သေနတ်ဖြင့် ပစ်ခတ်၊ နှစ်ဦးဒဏ်ရာရ
02-Oct-2018
စစ်တွေ၊ အောက်တိုဘာ ၁

မောင်တောမြို့နယ် သဲချောင်း ကျေးရွာတွင် အောက်တိုဘာလ ၁ ရက် နံနက် ၁ နာရီ အချိန်၌ ဘင်္ဂါလီအမျိုးသမီးတစ်ဦးနှင့် ဒိုင်းနက်လူမျိုး အမျိုးသားတစ်ဦးတို့ ဘင်္ဂါလီလူမျိုးဓားပြများက လက်လုပ်သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဒဏ်ရာများ ရရှိသွားကြောင်း မောင်တောခရိုင် ဒုတိယ အုပ်ချုပရေးမှူး ဦးရဲထူးထံမှသိရသည်။

ဘင်္ဂါလီလူမျိုး ၁၀ ဦးခန့်သည် သဲချောင်းနေ ခါလီနာနေအိမ်သို့ လာရောက် ဓားပြတိုက်ရာ အိမ်ရှင်များက ပြန်လည်ခုခံကြ၍ လက်လုပ်သေနတ်ဖြင့် နှစ်ကြိမ်ပစ်ခဲ့ကြောင်း ဒဏ်ရာရရှိထားသူ ဦးညိုသာက ပြောသည်။

“သူတို့က ပြတင်းပေါက်ကနေပြီး သေနတ်နဲ့ပစ်တယ်၊ အဲဒီအခါ ကျွန်တော်တို့ဘက်က ဓားနဲ့ ပြန်ခုတ်တယ်။ သေနတ်တစ်ပိုင်း ပိုင်းထွက်သွားတယ်။ သူတို့မှာလည်း ဒဏ်ရာရသွားတယ်လို့ ထင်ပါတယ်။ အခု ဆေးရုံမှာ ကုသနေပါတယ်”ဟု ၎င်းက ရှင်းပြသည်။

သင်္ဘောလှကျေးရွာနေ ဦးညိုသာ အသက် (၃၅) သည် ငါးပွဲစားတစ်ဦးဖြစ်ပြီး ယင်းဘင်္ဂါလီကျေးရွာ၌ ငါးသွားရောက် ဝယ်ရသည့်အချိန်၌ ထိုသို့ ဓားပြတို့၏ ပစ်ခတ်မှုကြောင့် ကျောကုန်း၌ ခဲစက်များ ထိမှန်ခဲ့ခြင်းဖြစ်သည်။

ဓားပြတို့၏ တိုက်ခိုက်မှုကို ခုခံကာကွယ်နေကြစဉ် သင်္ဘောလှ ရဲကင်းစခန်းသို့ ဖုန်းဖြင့်အကြောင်းကြားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားနေသည့် နေရာသို့ ရောက်ရှိလာကြချိန် ဓားပြများ ထွက်ပြေးသွားကြကြောင်း မောင်တောခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးက ရှင်းပြသည်။

ထိုသို့ ဓားပြများ ပစ်ခတ်မှုကြောင့် နေအိမ်ရှင် အမျိုးသမီး ခါလီနာ အသက် (၆၆) နှစ်တွင် ဝဲဘက်ပါးမှာ ခဲစက်ဒဏ်ရာ တစ်ချက်၊ ဝဲမေးရိုးအောက် ခဲစက်မှန် ဒဏ်ရာတစ်ချက်၊ ယာဘက်လက်ဖဝါးမှာ ခဲစက်မှန် ဒဏ်ရာတစ်ချက် မစိုးရိမ်ရ ဒဏ်ရာများရရှိကြပြီး မောင်တောမြို့နယ် ဆေးရုံ၌ ဆေးကုသခံယူလျက်ရှိ ကြသည်။

ယင်းအပြင် စက်တင်ဘာအတွင်းက မောင်တောမြို့နယ် သစ်တုံးနားခွဆုံ ကျေးရွာ၌ နေထိုင်သော မြိုတိုင်းရင်းသားတစ်ဦး တောစပ်အနီးမှာ သတ်ဖြတ်ခံခဲ့ရသည်။  

R-22


  • VIA