News

POST TYPE

LATEST NEWS POST

ရွှေနှင့် ဒေါ်လာဈေးကွက် ဆက်ပိတ်ထား
26-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၂၆

စသုံးလုံးက လေပတ်ကားရောင်း/ဝယ်သူများကိုစစ်နေ၍ ရန်ကုန်မြို့ ရွှေဘုံသာလမ်းရှိ ရွှေနှင့်ဒေါ်လာဈေးကွက်မှာ ယနေ့ စက်တင်ဘာ ၂၆ ရက် ညနေ ၅ နာရီခန့်အထိ ဆက်ပိတ်ထားကြောင်း ယင်းဈေးကွက်မှ သိရသည်။

ဒေါ်လာဈေးမှာမူ ပြင်ပဈေးကွက်မဖွင့်သော်လည်း ငွေလဲကောင်တာနှင့် ဘဏ်များမှ ဗဟိုဘဏ်ရည်ညွှန်းဈေးအပေါ် မူတည်၍ ဖွင့်လှစ်ပြီး ဈေးနှုန်းဆက်လက်ကျဆင်းကြောင်း ငွေကြေးဈေးကွက်မှသိရသည်။

ရွှေဈေးမှာမူ စက်တင်ဘာ ၂၅ ရက်ကဲ့သို့ ယနေ့တွင်လည်း ရွှေအသင်းဝင်များ လာရောက်နိုင်ခြင်းမရှိဘဲ ဈေးနှုန်းလည်း ဆက်ဖွင့်နိုင်ခြင်းမရှိ၍ ဈေးကွက်ပိတ်ထားရဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

S-04