POST TYPE
LATEST NEWS POST
ရေတာရှည်တွင် ထောင်ပြေးကို သေနတ်ဖြင့်ပစ်ဖမ်း
25-Sep-2018
တောင်ငူ၊ စက်တင်ဘာ ၂၅
လက်နက်မှု၊ ခိုးမှုတို့ဖြင့် ထောင်ကျပြီး ထွက်ပြေးနေသူ ရေတာရှည်မြို့နယ်ရှိ ၎င်းနေအိမ်သို့ ပြန်လာခိုက် စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ရဲက သေနတ်ဖြင့်ပစ်ဖမ်းခဲ့ကြောင်း ရေတာရှည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
ထောင်ပြေးသည် ထောင်မှထွက်ပြေးပြီးနောက် မုဒိမ်းမှုလည်း ကျူးလွန်ထားသေးသည်။ ရဲက ပထမအဆင့် အသာတကြည် ဖမ်းသော်လည်း ခုခံသဖြင့် ပစ်ဖမ်းခဲ့ခြင်းဖြစ်သည်။ သို့သော် မထိသဖြင့် လုံးထွေးသတ်ပုတ်ဖမ်းခဲ့ရသည်ဟု အဆိုပါရုံး ရဲအရာရှိတစ်ဦးက ရှင်းပြသည်။
ထောင်ပြေးသည် ရေတာရှည်မြို့နယ် ပေါက်ချောင်းရွာနေ နိုင်ဝင်း (၄၁) နှစ်ဆိုသူဖြစ်သည်။ ၎င်းသည် လက်နက်မှုဖြင့် ဖမ်းခံရချိန် ခိုးမှုပေါ်သဖြင့် မြင်းခြံထောင်မှ တောင်ငူထောင်သို့ ရွှေ့ချိန်ထွက်ပြေးခဲ့ခြင်းဖြစ်သည်။ ယခုအခါ နိုင်ဝင်းကို ထောင်ပြေးမှု၊ လက်နက်မှု၊ မုဒိမ်းမှုတို့ဖြင့် ရေတာရှည်ရဲစခန်းက အမှုဖွင့်ထားသည်။
R-15
- VIA
- Voice Admin
- SOURCES
- The Voice
-
23-Feb-2019
-
23-Feb-2019
-
23-Feb-2019
-
22-Feb-2019
-
22-Feb-2019
-
22-Feb-2019
-
15-Feb-2019