News

POST TYPE

LATEST NEWS POST

မူဆယ်တွင်လည်း ပိုင်ရှင်မဲ့ စိတ်ကြွဆေးဖမ်းမိ
23-Sep-2018


လားရှိုး၊ စက်တင်ဘာ ၂၃

ရှမ်းမြောက် မူဆယ်တွင်လည်း ယနေ့ (စက်တင်ဘာ ၂၃ ရက်) နံနက် ၁၀ နာရီခန့်က စိတ်ကြွရူးသွပ်ဆေးပြား တစ်သောင်းကျော် ပိုင်ရှင်မဲ့ဖမ်းမိခဲ့ကြောင်း အမှတ် ၁၂၃ ယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲမှူးချစ်စိန်က ပြောကြားသည်။

ရှမ်းအရှေ့ ကျိုင်းတုံတွင်လည်း သိန်းနှစ်သောင်းခွဲဖိုး မူးယစ်ဆေးများ ယနေ့ နံနက်ပိုင်းက ဖမ်းမိခဲ့သေးသည်။ မူးယစ်ဆေး အချီကြီးမိလျှင် ပိုင်ရှင်မဲ့ဖမ်းမိမှုများအပေါ် ပြည်သူများက ရဲတပ်ဖွဲ့ကို မေးခွန်းထုတ် ဝေဖန်နေကြသည်။

မူဆယ်ပိုင်ရှင်မဲ့ ဖမ်းမိမှုမှာ မြို့အဝင်မုခ်အနီး ရပ်ထားသည့် ဆိုင်ကယ်တစ်စီးကို ယာဉ်ထိန်းတပ်ဖွဲ့က မသင်္ကာ၍စစ်ရာမှ စိတ်ကြွဆေးများ ဖမ်းမိခဲ့ခြင်းဖြစ်သည်။ သို့သော် ပိုင်ရှင်ကိုမူ ဖမ်းမိခဲ့ခြင်းမရှိပေ။ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရဲမှူးက ရှင်းပြသည်။

R-07