News

POST TYPE

LATEST NEWS POST

ငါးမင်းဆွေကို အလုပ်နှင့် ထောင်ဒဏ် ခုနှစ်နှစ်နှင့် ဒဏ်ငွေ ကျပ်တစ်သိန်း ပေးဆောင်ရန် အမိန့်ချမှတ်
18-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၁၈

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို လူမှုကွန်ရက် စာမျက်နှာတစ်ခုဖြစ်သော ဖေ့စ်ဘွတ်ခ်ပေါ်တွင် ဆဲဆိုဝေဖန်ပုတ်ခတ်သည့် စာများ ရေးသားခဲ့သည်ဟုဆိုကာ ငါးမင်းဆွေကို ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က အရ အလုပ်နှင့် ထောင်ဒဏ်ခုနှစ်နှစ်နှင့် ဒဏ်ငွေ ကျပ်တစ်သိန်း ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့ကြောင်း အနောက်ပိုင်းခရိုင် တရားရုံးထံမှ သိရသည်။

အဆိုပါ အပြီးသတ်စီရင်ချက်အမိန့်ကို စက်တင်ဘာလ ၁၈ ရက် မွန်းလွဲပိုင်းက အနောက်ပိုင်းခရိုင်တရားရုံးရှိ တွဲဖက်ခရိုင်တရားသူကြီး (၂) တရားခွင်တွင် ချမှတ်ခဲ့ခြင်းဖြစ်ပြီး ယင်းအမိန့်တွင် ဒဏ်ငွေကျပ် တစ်သိန်းကို မပေးဆောင်ပါက ထောင်ဒဏ်တစ်နှစ် ထပ်မံကျခံစေရမည်ဟု ပါရှိသောကြောင့် ဒဏ်ငွေပေးဆောင်ခဲ့ကြောင်း ငါးမင်းဆွေ၏ မိသားစုထံမှသိရသည်။

ငါးမင်းဆွေမှာ ၎င်းတရားစွဲဆိုခံရသည့် အမှုကိုစစ်ဆေးစဉ်က ရှေ့နေမခေါ် သက်သေမတင်သွင်းဘဲ ကိုယ်တိုင်ချေပ လျှောက်လဲချက် ပေးခဲ့ပြီး ယင်းအမှုကို အနောက်ပိုင်းခရိုင် တရားရုံး၌ ရုံးချိန်း ၁၁ ချိန်း စစ်ဆေးခဲ့သည်။

S-03


  • VIA