News

POST TYPE

LATEST NEWS POST

ဖားကန့်တွင် ရေမဆေးသမား သုံးဦး ကမ်းပါးပေါ်မှပြုတ်ကျ
30-Aug-2018


မြစ်ကြီးနား၊ သြဂုတ် ၃၀

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ကောင်စံကျေးရွာနှင့် မိုးကာရွာကြားက (ဒေသအခေါ်) အောင်ဟိန်းမင်းကုမ္ပဏီ လုပ်ကွက်ဟောင်း ကမ်းပါးပေါ်၌ သြဂုတ်လ ၂၉ ရက်နေ့ ည ၈ နာရီခန့် က ရေမဆေးသမားသုံးဦး ပြုတ်ကျခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။ 

အဆိုပါ ပြုတ်ကျခဲ့သည့် တစ်ပိုင်တစ်နိုင် ကျောက်စိမ်းတူးသူ သုံးဦးအနက် တစ်ဦးသေဆုံး၍ နှစ်ဦးမှာ ဖားကန့်ဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ) အဖြစ် ဆေးကုသခံနေရကြောင်း ဖားကန့်မြို့နယ် Green Land သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယိန်းခေါက ပြောကြားသည်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသတွင် နှစ်စဉ်မြေပြိုကျမှုများ မကြာခဏဖြစ်ပွားလျက်ရှိရာ ယခု ၂၀၁၈ ခုနှစ်အတွင်း၌လည်း မြေစာပုံမကြာခဏပြိုကျနေမှုကြောင့် သေဆုံးသူစုစုပေါင်း တစ်ရာကျော်အထိရှိနေပြီး ဒဏ်ရာရရှိသူ ၆၀ ကျော် ရှိသည်။

R-06