News

POST TYPE

LATEST NEWS POST

နေအိမ်ပေါ်ညောင်ပင်လဲရာမှ သားအမိ၊ သားအဖသုံးဦးသေဆုံး
26-Aug-2018


တောင်ငူ၊ သြဂုတ် ၂၆

ရွှေကျင်မြို့နယ် ဘောကထာရွာတွင် ယနေ့ သြဂုတ် ၂၆ ရက် နံနက် ၄ နာရီခန့်က နေအိမ်ပေါ်ကို ညောင်ပင်လဲရာမှ ပိမိပြီး သားအမိ၊ သားအဖသုံးဦးသေဆုံးခဲ့ကြောင်း ယင်းမြို့နယ် တိုင်းလွှတ်တော်အမတ် ဒေါ်လှလှဝင်းက ပြောကြားသည်။

ညောင်ပင်သည် လုံးပတ်ပေ ၇၀ ခန့်ရှိပြီး အမြစ်မှကျွတ်ကာ နေအိမ်ပေါ်သို့ လဲကျခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဦးသန့်ဇင်ဦး (၃၈ နှစ်ခန့်)၊ ဇနီးဖြစ်သူ ဒေါ်လှလှဌေး (၃၄ နှစ်ခန့်) နှင့် သမီးဖြစ်သူ မမြတ်သဇင်(၇ နှစ်ခန့်) တို့ သေဆုံးခဲ့သည်။

“ရွှေကျင်ဆေးရုံမှာ ဆုံးသွားတာက အမျိုးသားရယ်၊ အမျိုးသမီးရယ်ကလေးတစ်ဦးရယ်ပါ။ အခု ကလေးသုံးယောက်ကို ပဲခူးဆေးရုံကနေတစ်ဆင့် ရန်ကုန်ကိုပဲ လွဲပြောင်းကုသဖို့ ပြင်နေတယ်”ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် ၎င်းတို့၏ ကလေးများဖြစ်သည့် ၁ နှစ်အရွယ် ပိုင်ဇင်အောင်၊ ၁၀ နှစ်အရွယ် ပိုင်ဇင်ဦးနှင့် ၅ နှစ်ခန့်အရွယ် ပိုင်ဇင်စိုးတို့သုံးဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့၍ ပဲခူးဆေးရုံသို့တင်ပို့ရာမှ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသနေပြီဖြစ်ကြောင်း လူနာတင်ယာဉ်များထံမှ သိရှိရသည်။ 

ညောင်ပင်ပိပြီး လူသေဆုံးမှုနှင့်ပတ်သက်၍ ဘောကထာနယ်မြေရဲစခန်းက သေမှုသေခင်းဖွင့်၍ စစ်ဆေးဆောင်ရွက်နေကြောင်း အဆိုပါရဲစခန်းထံမှ သိရှိရသည်။ 

R-15


  • VIA