News

POST TYPE

LATEST NEWS POST

ကျိုင်းတုံတွင် သေနတ်နှင့် ကျည်တောင့် ၃၄၀ ဖမ်းမိ

ကျိုင်းတုံ၊ သြဂုတ် ၂၀

ဆိုင်ကယ်စီးလာသည့် လူငယ်တစ်ဦးထံမှ ပွိုင့်တူးတူး သေနတ်တစ်လက်နှင့် ကျည်တောင့် ၃၄၀ ကို ကျိုင်းတုံမြို့အဝင်တွင် ယနေ့ (သြဂုတ် ၂၀ ရက်) နံနက်ပိုင်းက ဖမ်းမိခဲ့ကြောင်း ယင်းမြို့မရဲစခန်း ဒုရဲအုပ်ဇင်မင်းလတ်က ပြောကြားသည်။

“မိုင်းခတ်ဘက်ကနေ ကျိုင်းတုံမြို့ထဲကို မောင်းလာတဲ့ ကောင်လေးဆိုင်ကယ် ပူးပေါင်းအဖွဲ့နဲ့ ရှောင်တခင် စစ်ဆေးချိန်မှာ မြေပဲအိတ်ထဲကနေ ဖမ်းမိခဲ့တာပါ။ သေနတ်က တရုတ်လုပ်ဖြစ်ပြီး တစ်စစီဖြုတ်ပြီး သယ်လာတာပါ”ဟု ၎င်းကပြောဆိုသည်။

အဆိုပါ ဖြစ်စဉ်တွင် အရှည် ၁၃ လက်မခန့်ရှိ တရုတ်နိုင်ငံလုပ် ပွိုင့်တူးတူး သေနတ်တစ်လက်နှင့် ကျည်ဆန် ၃၄၀ တောင့် ဖမ်းဆီးရမိခဲ့၍ သယ်ဆောင်လာသည့် အိုက်ခေး (ခ) အိုက်ရွက် (၂၂ နှစ်) ကို ရှမ်းလက်နက်ပုဒ်မ ၁၂ (က) (ဂ) ဖြင့် အရေးယူကာ စစ်ဆေးနေကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။

R-16