News

POST TYPE

LATEST NEWS POST

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မုံရွာသို့လာရောက်စဉ် လက်ပံတောင်းဒေသခံများ တိုင်စာပေး
မုံရွာ၊ ဩဂုတ် ၁၈

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ဩဂုတ်လ ၁၈ ရက်နေ့က မုံရွာမြို့သို့ ရောက်ရှိခဲ့ပြီး လက်ပံတောင်းဒေသခံများက သမ္မတ တိုင်ကြားစာလက်ခံရေးအဖွဲ့ထံ တိုင်ကြားစာပေးပို့ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် စုံစမ်းစစ်ဆေးရေးကော်မရှင်အစီရင်ခံစာကို လိုက်နာခြင်းမရှိဘဲ လုပ်ဆောင်ခြင်း၊ မြေများဆုံးရှုံးနစ်နာခဲ့သောတောင်သူများကို အစားထိုးမြေများ မပေးသေးခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများရှိနေခြင်းစသည့်တိုင်စာ ၇ စောင်ကို လက်ခံရေးအဖွဲ့ထံသို့ ပေးအပ်ခဲ့ကြောင်း တုံအလယ်တောရွာမှ ဒေသခံတောင်သူ ဒေါ်စန္ဒာက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ဩဂုတ်လ ၁၈ ရက်နေ့ နံနက်က မုံရွာမြို့၊ မြို့တော်ခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တာဝန်ရှိများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

လက်ပံတောင်းတောင် ဒေသခံများ ရင်ဆိုင်နေရသည့်အခက်အခဲနှင့် ပြဿနာများကို ဖြေရှင်းပေးရန် ဒေသခံ ၅၀ ခန့်က မြို့တော်ခန်းမရှေ့တွင် တောင်းဆိုခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကျန်းမာပါစေ ဟူ၍လည်း ဆုတောင်းပေးခဲ့ကြသည်။

R-08