News

POST TYPE

LATEST NEWS POST

ရိုးမဘဏ်က အပ်ငွေနှစ်ဆရရှိမည့် ဘဏ်ငွေစာရင်းအမျိုးအစားသစ် မိတ်ဆက်
11-Aug-2018
ရန်ကုန်၊ ဩဂုတ် ၁၁

ရိုးမဘဏ်က တစ်နှစ်လျှင် အတိုး ၃ ရာခိုင်နှုန်းနှင့် နေ့စဉ် အတိုးတွက်ပေးပြီး လစဉ်အတိုးရရှိမည့်အပြင် အနည်းဆုံး လက်ကျန်ငွေ နှစ်သိန်းရှိသော အကောင့်ပိုင်ရှင်များအတွက် အပ်ငွေနှစ်ဆရရှိမည့် JZü ၌ အမည်ရှိ အပ်ငွေအမျိုးအစားသစ်တစ်ခုကို စတင်မိတ်ဆက်လိုက်သည်။

အဆိုပါ ဘဏ်အပ်ငွေစာရင်းအမျိုး အစားသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ခွင့်ပြုထားသည့်ဆုဖြင့် ချိတ်ဆက်ထားသော ဘဏ်စာရင်း(ခေါ်) Prize-Linked Accout (PLA) ဘဏ်စာရင်းအမျိုးအစား တစ်ခုဖြစ်ပြီး Customer များကို ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပိုမိုရင်းနှီးမှု ရှိလာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ရိုးမဘဏ်ထံမှ သိရသည်။

ယင်း JZü ၌ အကောင့်ကို ဖွင့်လှစ်ရန်အတွက် ရိုးမဘဏ်ခွဲတိုင်းတွင် အလွယ်တကူ ဖွင့်လှစ်နိုင်သော SMART အကောင့်ရှိရမည်ဖြစ်ပြီး Customer အနေနှင့် လစဉ် ဆုရွေးချယ်မှုတွင် ပါဝင်နိုင်ရန်အတွက် ၎င်းတို့၏အကောင့်တွင် အနည်းဆုံး လက်ကျန်ငွေ နှစ်သိန်းကျပ်နှင့်အထက် ထားရှိရမည်ဖြစ်သည်။

J-01