News

POST TYPE

LATEST NEWS POST

ဟင်္သာတတွင် မွေးမြူရေးကြက် ဈေးကျ
23-Jul-2018 tagged as ဟင်္သာတ

ဟင်္သာတ၊ ဇူလိုင် ၂၂

ရက်ပေါင်း ၇၅ ရက် မွေးမြူပြီးနောက်ကြက်အရှင် ပိဿာချိန် ၆၅ ကျပ် သားအရွယ်ခန့်တွင် ရောင်းချရသည့် မွေးမြူရေးကြက် (Semi) အမျိုးအစားမှာ ယခုလတတိယပတ်အတွင်း ဈေးပြန်လည်ကျဆင်းခဲ့ကြောင်း ဒေသခံမွေးမြူရေး လုပ်ငန်းရှင်များက ပြောကြားသည်။

(Semi) အမျိုးအစားမွေးမြူရေး ကြက်အရှင်ဈေးကွက်မှာ ဇူလိုင်လ ၆ ရက် နေ့မှ ဇူလိုင်လ ၁၃ ရက်နေ့အထိ ပိဿာချိန်တစ်ရာလျှင် ငါးသိန်းကျပ်ဈေးဖြင့် ရောင်းချခဲ့ရပြီး ဇူလိုင်လ ၁၈ ရက်နေ့ ရောင်းဈေးအရ ပိဿာတစ်ရာလျှင် လေးသိန်းနှစ်သောင်းကျပ်အထိ ဈေးကျဆင်းခဲ့ကြောင်း၊ အဆိုပါရက်က ရန်ကုန်တိုင်းရှိမွေးမြူရေးကြက်အရှင်ဈေးကွက်မှာ ပိဿာချိန်တစ်ရာလျှင် လေးသိန်းရှစ်သောင်းကျပ် ဈေးအမြင့်ဆုံးဖြင့် ရောင်းချကြောင်း ၎င်းတို့ကပြောဆိုသည်။

ဟင်္သာတနယ်မြေအခြေအနေနှင့် အစာဈေးကြက်ပေါက် ဈေးကွက်များအရ ပိဿာချိန်တစ်ရာလျှင် သုံးသိန်းသုံးသောင်း ကျပ်ဈေးအထိဖြင့်အမြင့်ဆုံးရောင်းချရပါက အရှုံးပေါ်သည့် အခြေအနေနှင့် ရင်ဆိုင်ရကြောင်း ဟင်္သာတမြို့ခံမွေးမြူရေးလုပ်ငန်းရှင် ဦးရဲသူရိန်က ပြောကြားသည်။

R-13