POST TYPE

LATEST NEWS POST

တောင်ငူတွင် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး
20-Jul-2018

တောင်ငူ၊ ဇူလိုင်၂၀

တောင်ငူမြို့ အမှတ်၂ ရပ်ကွက် သီရိမင်္ဂလာလမ်း ၃ လမ်းတွင်နေထိုင်သော အမျိုးသားတစ်ဦး ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၆ နာရီခွဲခန့်က ဓာတ်လိုက်သေဆုံးခဲ့သည်ဟု တောင်ငူမြို့နယ် အမှတ် ၂ နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။

သေဆုံးသူမှာ အသက် ၄၅ နှစ်အရွယ် ကျော်ကြီးဆိုသူဖြစ်ပြီး နေအိမ်နှင့်လမ်းမီးဓာတ်တိုင်အကြား သွယ်တန်းထားသည့် ဓာတ်ကြိုးကို ပြုပြုင်ရာမှ ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်ပြီး သေမှုသေခင်းအမှတ် ၇/၂၀၁၈ အရအမှုဖွင့် စစ်ဆေးနေသည်ဟု ယင်းရဲစခန်းထံမှ ထပ်မံသိရှိရသည်။

ပြီးခဲ့သည့် သုံးပတ်ခန့်ကလည်း တောင်ငူမြို့ ကျုံးပတ်လမ်းပေါ်ရှိ ဆန်စက်လုပ်သားလေးဦး အိမ်သာရွှေ့ရာမှ ဓာတ်လိုက်ခံခဲ့ရပြီး နှစ်ဦးသေဆုံးခဲ့သေးသည်။ 

R-15