News

POST TYPE

LATEST NEWS POST

တရုတ်နိုင်ငံသားနှစ်ဦး ဓားခုတ်မှုဖြစ်
ရန်ကုန်၊ ဇူလိုင် ၁၅

လှိုင်သာယာမြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ နဝဒေး Shop House ဆိုင်တန်း ရှိ BBQ စားသောက်ဆိုင်တစ်ဆိုင်တွင် ဇူလိုင်လ ၁၄ ရက် ည ၈ နာရီခွဲဝန်းကျင်က အကြွေးပြန်မဆပ်သည့် တရုတ်နိုင်ငံသား အမျိုးသားတစ်ဦးကို ဆိုင်ရှင်ဖြစ်သူ တရုတ်နိုင်ငံသား အမျိုးသားက ဓားဖြင့်ခုတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဓားဖြင့် ခုတ်ခံရသည့် တရုတ်နိုင်ငံသား အသက် ၄၅ နှစ် Dong Caigui မှာ ယင်းညက BBQ စားသောက်ဆိုင်ပိုင်ရှင် တရုတ်နိုင်ငံသား Zangwn-chong နှင့် ပိုက်ဆံချေးယူထားသည့် ကိစ္စပြောဆိုရာမှ အဆင်မပြေဖြစ်ကာ နှစ်ဦးစကားများ ရန်ဖြစ်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

ယင်းနောက် ဆိုင်ရှင်ဖြစ်သူ တရုတ်နိုင်ငံသားက ဆိုင်ရှိ စတီးဓားအပြားကြီးဖြင့် ရိုက်၊ ခုတ်ခဲ့သောကြောင့် Dong Caigui မှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာ၊ ဘယ်ညာ ကျောကုန်းပြတ်ရှ ဒဏ်ရာနှင့် ဘယ်ပခုံးပြတ်ရှဒဏ်ရာ ရရှိခဲ့ပြီး အင်းစိန်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ရဲအရာရှိက ပြောကြားသည်။

အဆိုပါ ဓားခုတ်မှုကို လှိုင်သာယာ မြို့မ ရဲစခန်းက (ပ) ၂၆၄၁/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၄။၃၂၃ ဖြင့် အမှုဖွင့်ပြီး နာကျင်ဒဏ်ရာများ ရရှိအောင် ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံသား Zangwnchong ကို ဖမ်းဆီးအရေးယူစစ်ဆေးရန် စုံစမ်းဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03