News

POST TYPE

LATEST NEWS POST

ဘိုကလေးတွင်​ အမျိုးသမီးတစ်ဦး မိကျောင်းအဆွဲခံရ
23-Jun-2018



ပုသိမ်​၊ ဇွန်​လ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်း ဘေးမဲ့တောအတွင်း၌ ဇွန်လ ၂၂ ရက်ညနေပိုင်းက အမျိုးသမီးတစ်ဦး မိကျောင်းအဆွဲခံရပြီး ​ပျောက်ဆုံးနေကြောင်း ဘိုက​လေးမြို့နယ်​ အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာနထံမှ သိရှိရသည်။

ဘိုကလေးမြို့နယ်အတွင်းရှိ စက်ဆန်းကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာနေ အသက်​၂၈ နှစ်ရှိ မအေးသင်းသည် ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်းဘေးမဲ့တော ဧရိယာအတွင်းရှိ အမဲချောင်းနံဘေးတွင်​ ထင်းခုတ်နေစဉ် မိကျောင်းဆွဲခံရခြင်းဖြစ်​​ကြောင်း ဘိုက​လေးမြို့နယ်​ အုပ်​ချုပ်​​ရေးမှူး ဦး​အောင်​ထွန်းဇင်က ​ပြောသည်​။

“အန္တရာယ်​ရှိ​တာ​ကြောင့်​ ထင်းမခုတ်​ရ၊ ငါးဖမ်း ပုဇွန်​ဖမ်း၊ ဂဏန်း​ထောင်​တာ မလုပ်​ရဘူး ကန့့်သတ်​ထားတယ်​။ သက်​ဆိုင်​ရာက ​တောအတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတယ်​”ဟု ဦး​အောင်​ထွန်းဇင်က ပြောဆိုသည်။ 

မိ​ချောင်းဆွဲခံရသူ မ​အေးသင်းကို ယနေ့ (ဇွန်​လ ၂၃ ရက်)​ မွန်းလဲပိုင်းအချိန်အထိ ရှာမတွေ့သေး​ကြောင်း ဘိုကလေးမြို့နယ်အတွင်းမှ မိန်းမလှကျွန်းသည် ဧရိယာဧက သုံးသောင်းကျော်ရှိပြီး အာဆီယံအမွေအနှစ် စာရင်းဝင် ကျွန်းတစ်ကျွန်းကြောင်း ဘိုက​လေးမြို့နယ်​ အ​ထွေ​ထွေအုပ်​ချုပ်​​ရေးရုံးထံမှ သိရှိရသည်။

R-12

  • VIA