News

POST TYPE

LATEST NEWS POST

ဗန်းမော်တွင် ဆိုင်ကယ်လိုင်စင်လျှောက်သူနည်းပါး
22-Jun-2018



ဗန်းမော်၊ ဇွန်၂၁ 

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဆိုင်ကယ်လိုင်စင် လျှောက်ထားမှုများကို လုပ်ဆောင်ပေးနေသော်လည်း လိုင်စင်လာရောက်လျှောက်ထားသူ နည်းပါးနေကြောင်း ဗန်းမော်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်မျိုးဝင်းက ပြောသည်။

ဆိုင်ကယ်လိုင်စင် လျှောက်ထားမှုကို ဗန်းမော်မြို့နယ်ရှိ အားကစားခန်းမတွင် ဇွန်လ ၁၈ ရက်မှ စက်တင်ဘာလ ၁၈ ရက်အထိ လုပ်ဆောင်ပေးမည်ဖြစ်ပြီး လာရောက်လျှောက်ထားသူ များလာစေရန် အသိပေးနှိုးဆော်စာများကို ဖြန့်ဝေခဲ့ကြောင်း၊ စတင်ချိန် ဇွန်လ ၁၈ ရက်မှ ဇွန်လ ၂၁ ရက်အထိ လာရောက်လျှောက်ထားသူ ၅၂ ဦးသာရှိကြောင်း၊ လိုင်စင် လျှောက်ထားမှုနည်းပါးသဖြင့် ဌာနဆိုင်ရာများက အဖွဲ့စုံဖြင့် တွန်းအားပေးကာ ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားကြောင်း ခရိုင်ဦးစီးမှူး ဦးဇော်မျိုးဝင်းက ပြောသည်။ 

ဗန်းမော်မြို့တွင် တရုတ်နယ်စပ်မှ လိုင်စင်မဲ့ ဆိုင်ကယ်ဝင်ရောက်မှုကို မတားဆီးနိုင်ခြင်း၊ လိုင်စင်မဲ့ဆိုင်ကယ် စီးသူများကို ဖမ်းဆီးအရေးယူခြင်းမရှိသဖြင့် ငွေကုန်ခံကာ လိုင်စင်မလုပ်ကြကြောင်း ဒေသခံဦးနော်အောင်က ပြောသည်။ 

R-14

  • VIA