News

POST TYPE

LATEST NEWS POST

ဦးခေါင်းနှစ်လုံးပါသည့်ကလေး မွေးဖွားအပြီး သေဆုံး
22-Jun-2018

ရန်ကုန်၊ ဇွန် ၂၁

နေပြည်တော် ပျဉ်းမနားခုတင် ၂၀၀ ဆံ့ ဆေးရုံကြီး၌ ဦးခေါင်းနှစ်လုံးပါသည့် ကလေးငယ်ကို ဇွန်လ ၂၀ ရက်နေ့က မွေးဖွားခဲ့ကြောင်း ယင်းဆေးရုံထံမှသိရသည်။

အဆိုပါကလေးငယ်ကို ခုတင် ၂၀၀ ဆံ့ဆေးရုံ၌ မွေးဖွားပြီး အချိန်တိုအတွင်း ခုတင် ၅၀၀ ဆံ့၊ နေပြည်တော် ကလေးရောဂါ အထူးကုဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့ပြီး မကြာမီအချိန်၌ သေဆုံးခဲ့ကြောင်း ယင်းဆေးရုံ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“လွှဲပြီး နာရီပိုင်းအတွင်း ဆုံးသွားတာ။ နေ့လယ် ၂ နာရီခွဲလောက်ပါ။ ကလေးက ယောကျာ်းလေးပါ။ Abnormal (ပုံမှန်မဟုတ်) လို့ပဲ ပြောရမှာပေါ့။ ဒီတော့ ဘယ်လိုနည်းနဲ့မှ အသက်ရှင်ဖို့မလွယ်ဘူး။ တစ်ခါတလေ လက်တွေ၊ ခြေတွေအပွားလေးတွေ ပါသလိုပေါ့”ဟု ၎င်းက ရှင်းပြသည်။

ယင်းကဲ့သို့ ဖြစ်ပွားမှုများသည် ယခင်က ရှိကောင်းရှိနိုင်သော်လည်း ဖြစ်ပွားမှုနှင့်ပတ်သက်သည့် မှတ်တမ်းများမရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။  

J-12

  • VIA