News

POST TYPE

LATEST NEWS POST

မန္တလေးတိုင်း သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ မကွေးတိုင်းတွင် ရေဘေးကူညီမည်
မန္တလေး၊ ဇွန် ၁၆

မန္တလေးတိုင်း သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့အနေနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည့် မကွေးတိုင်းတွင် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ကူညီလုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဇူလိုင်လ ပထမပတ်မှစတင်ကာ နိုင်ငံတော်အစိုးရနှင့် ပူးပေါင်း လုပ်ဆောင်မည်ဖြစ်ကြောင်း မန္တလေးတိုင်း သဘာဝဘေး တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသန်းထွန်းမြင့်က ပြောကြားသည်။

ရေကြီးရေလျှံဒဏ် ဆိုးရွားစွာခံစားခဲ့သည့် ဧရာဝတီမြစ် အနောက်ဘက်ခြမ်းရှိ စကု၊ စေတုတ္တရာ စသည့်မြို့နယ်များသို့ ကူညီမှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ သဘာဝဘေးများ ဖြစ်ပေါ်လာပါက အစိုးရတစ်ခုတည်းကိုသာ အားမကိုးဘဲ ဒေသဆိုင်ရာ လူမှုရေးအဖွဲ့အစည်းများ၊ တစ်နိုင်တစ်ပိုင် ပူးပေါင်း ကူညီလိုသည့် စိတ်ဓာတ်များ ပေါ်ပေါက်လာစေရန်နှင့် နိုင်ငံတကာမှ အာရုံစိုက်လာစေရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ကူညီမှုများ ပြုလုပ်နိုင်ရန်အတွက် အလှူခံမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့မှ စတင်ဖြစ်ပေါ်ခဲ့သည် မိုးရွာသွန်းမှုကြောင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ် နေရာအချို့တွင် ရေကြီးရေလျှံမှုများခဲ့ရာ အဆိုးရွားဆုံး ဖြစ်ပွားခဲ့သည့် မကွေးတိုင်းအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ အမြန်ဆုံး ထောက်ပံ့ပေးလျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။

M-05