News

POST TYPE

LATEST NEWS POST

လူထုစွမ်းအားမြင့်မားရေးစီမံကိန်း ကန်ဒေါ်လာ ၄၈ သန်းဖြင့် ဆောင်ရွက်မည်
13-Jun-2018

ရန်ကုန်၊ ဇွန် ၁၃

လူထုစွမ်းအား မြင့်မားလာစေရေးအတွက် အမေရိကန်ပြည်ထောင်စု၊ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) က ကူညီထောက်ပံ့သည့် အမေရိကန်ဒေါ်လာ ၄၈ သန်းဖြင့် လူထုစွမ်းအားမြင့်မားရေးဆိုင်ရာ တိုးမြှင့်လုပ်ဆောင်ခြင်းစီမံကိန်းကို ဇူလိုင်လတွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း Pact Myanmar အဖွဲ့အစည်းထံမှသိရသည်။ 

အဆိုပါစီမံကိန်းအရ ကျန်းမာရေး၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ ကျား၊ မရေးရာကဏ္ဍ၊ လူငယ်ရေးရာ ကဏ္ဍများ၊ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်နှင့် လက်လှမ်းမီရန် ခက်ခဲသည့်ဒေသများရှိ နေရပ်စွန့်ခွာတိမ်းရှောင်ရသူများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ငါးနှစ်အောက်ကလေးများကို ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဆောင်ရွက်မည့်စီမံကိန်း အဆိုပြုလွှာများကိုလည်း ဇူလိုင်လအတွင်း ခေါ်ယူသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှသိရသည်။ 

စီမံကိန်းကာလမှာ ငါးနှစ်ဖြစ်ပြီး ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီး မြောက်ပိုင်းဒေသတို့တွင် Pact အဖွဲ့အစည်း၊ ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန၊ ကရင်တိုင်းရင်းသား ကျန်းမာရေးအဖွဲ့များအစုအဖွဲ့၊ Global Neighbors Thailand Foundation၊ Mae Tao Clinic နှင့် မွန်အမျိုးသားကျန်းမာရေး ကော်မတီတို့ ပူးပေါင်းဆာင်ရွက်မည်ဖြစ်ကြောင်း Pact Myanmar ထံမှ သိရသည်။

J-11

  • VIA