POST TYPE
LATEST NEWS POST
သဘာဝဘေးအန္တရာယ်ကာကွယ်နိုင်ရေး တိုင်းအစိုးရ ဆောင်ရွက်ထားဟုဆို
01-Jun-2018
ပုသိမ်၊ မေ ၃၁
ဧရာဝတီတိုင်းအတွင်း မိုးကာလတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်တတ်သဖြင့် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ စီမံဆောင်ရွက်ထားကြောင်း တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ပြောသည်။
“ဧရာဝတီတိုင်းဒေသကြီးက မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသဖြစ်လို့ အခြား တိုင်းနဲ့ပြည်နယ်တွေထက် သဘာဝဘေး အန္တရာယ်ဖြစ်ပွားမှုများပါတယ်၊ ရာသီဥတုပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ်များဟာ မှန်းဆ၍မရနိုင်ပေမယ့် ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေကို ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိပြီးတော့ အသင့်ဖြစ်စေရေးတို့အတွက် ကြိုတင်စီမံမှုတွေကို ဆောင်ရွက်ထားပါတယ်”ဟု ဝန်ကြီးက ပြောသည်။
ဧရာဝတီတိုင်းသည် မိုးတွင်းကာလတွင် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ တိုင်းအစိုးရအနေနှင့် သဘာဝဘေးအန္တရာယ်များကို ကာကွယ်နိုင်ရေးအတွက် ကြိုတင် စီမံဆောင်ရွက်ထားမှုများကို ပြည်သူများကိုယ်စား သိရှိလိုသဖြင့် လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့ကြောင်း ဝါးခယ်မမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်က ပြောသည်။
ဧရာဝတီတိုင်းတွင် သဘာဝဘေးဖြစ်လာပါက ချက်ချင်းထောက်ပံ့နိုင်ရန် အရန်ဆန်အိတ် ၁၃၀၀၀ ခန့် သိုလှောင်ထားပြီး ခရိုင် ၆ ခရိုင်နှင့် ပြင်စလူမြို့တို့တွင် လျာထားအိမ်ထောင်စု ၇၆၀၀ အတွက် ကယ်ဆယ်ရေးပစ္စည်းစုံ ၃၆၇၈ စုံ ဖြည့်တင်းထားကြောင်း၊ ယခင်နှစ်များက ကြုံတွေ့ခဲ့ရသော ဘေးအန္တရာယ်ဆိုင်ရာ သင်ခန်းစာများကိုရယူလျက် အမျိုးသားသဘာဝ ဘေးဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် သာပေါင်း၊ ဖျာပုံ၊ အမာနှင့် ဘိုကလေး၊ ကျုံပျော် မြို့နယ်တို့တွင် မုန်တိုင်းဒဏ်ခံအဆောက် အအုံများကို တည်ဆောက်ထားကြောင်း တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ပြောသည်။
ဧရာဝတီတိုင်းတွင် ဖြစ်ပေါ်လာ နိုင်သည့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ၎င်းက ရှင်းပြသည်။
“ကျွန်တော်တို့မြို့နယ်မှာတော့ မနှစ်ကတည်းက Cyclone Shelter (မုန်တိုင်းခို) တွေပြန်ပြင်ထားတာရှိတယ်၊ ရွာတွေမှာ သဘာဝဘေးကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခန်းတွေ လုပ်ကြပါတယ်၊ ကျွန်တော်တို့လည်း ပါဝင်ပြီးတော့ ဆောင်ရွက်ပေးနေပါတယ်”ဟု လပွတ္တာမြို့ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဦးအောင်ကောင်းခန့်က ပြောသည်။
သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ၂၀၁၇ -၂၀၁၈ တွင် ရေဘေး၊ လေဘေး၊ ဆူနာမီ ဇာတ်တိုက်လေ့ကျင့်ခန်း ၁၂ ကြိမ်၊ ဟောပြောပွဲ ၁၄၂ ကြိမ်၊ အလုပ်ရုံဆွေးနွေးပွဲ ၈ ကြိမ်၊ သင်တန်း ၂၅ ကြိမ်၊ မီးသတ်သင်တန်း ၂ ကြိမ်၊ စက်မောင်းသင်တန်းများ ဆောင်ရွက်ခဲ့ကြောင်း ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဦးစီးဌာနမှ သိရသည်။
R-11
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
16-Feb-2019
-
16-Feb-2019
-
16-Feb-2019
-
16-Feb-2019
-
16-Feb-2019
-
16-Feb-2019
-
15-Feb-2019