News

POST TYPE

LATEST NEWS POST

ညောင်သီးလည်းစားလေးသံလည်းနားထောင်ရန် မီဒီယာများကို ပြန်ကြားရေးဒုဝန်ကြီး သတိပေး
25-May-2018 tagged as



နေပြည်တော်၊ မေ ၂၅ 

သတင်းမီဒီယာသမားများအနေဖြင့် ညောင်သီးလည်းစားလေသံပါနားထောင်၍ မိမိကိုယ်မိမိပြုစုပျိုးထောင်ကြ ရန် ပြန်ကြားရေးဝန်ကြီးဌာန ဒု တိယဝန်ကြီးသတင်းစာဆရာဟောင်း ဦးအောင်လှထွန်းက သတိပေးပြောကြား လိုက်သည်။

"အလုပ်လည်းလုပ်ရမှာပါ။ကျွန်တော်တို့ လေးသံလည်းနားထောင်ရမယ် ညောင်သီးလည်းစားရမယ်။ အဲဒါလည်း သိပ် အရေးကြီးပါတယ်
"ဟု ၄င်းက ဆိုသည်။

အစိုးရသက်တမ်း ဒုတိယ တစ်နှစ်တာ ကာလလုပ်ဆောင်ချက်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ် စဉ် ၄င်းက မီဒီယာများကိုယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

သိပ်ဆန္ဒမစောဖို့လည်း မေတ္တာ ရပ်ခံပါတယ်။ကျင့်ဝတ်နဲ့ ညီအောင် ပြုစုပျိုးထောင်ကြဖို့ ကျွန်တော်မေတ္တာရပ်ခံ လိုပါတယ်" ဟု ဦးအောင်လှထွန်းက ပြောကြားသည်။

လက်ရှိတွင် သတင်းသမားများ တရားစွဲဆိုခံနေရသည့် ကိစ္စများကြောင့် စိတ်မကောင်းဖြစ်မိသော်လည်း တရားရုံးတော်တွင် ရင်ဆိုင်နေရချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ဝင်ရောက်ဝေဖန် ပြောဆိုရန်မဖြစ်နိုင် ကြောင်း ၄င်းက ဆိုသည်။

  • TAGS