News

POST TYPE

LATEST NEWS POST

ဗကသအဖွဲ့ဝင်ဟောင်း ကိုသန်းထိုက်နှင့် ကိုနှင်းအောင်တို့ကို ရုံးထုတ်
25-May-2018



မန္တလေး၊ မေ ၂၅

ငြိမ်း/စု/စီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် တရားစဲဆိုခံထားရသော ဗကသအဖွဲ့ဝင် ကိုသန်းထိုက်နှင့် ကိုနှင်းအောင်တို့ကို ယနေ့ မေလ ၂၅ ရက် အောင်မြေသာစံမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့သည်။

အောင်မြေသာစံ မြို့နယ်တရားရုံးတွင် ယနေ့ပြုလုပ်သော တရားခွင်တွင် တရားလိုမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တရားလိုပြသက်သေ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး နှစ်ဦး ၊စုစုပေါင်း ၃ ဦးကို စစ်ဆေးခဲ့သည်။

ကချင်ပြည်နယ်၌ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပိတ်မိနေသည့် ပြည်သူများ လွှတ်ပေးရေးနှင့် စစ်ပွဲများရပ်တန့်ရေးအတွက် မန္တလေးမြို့တော်ခန်းမအနီး ကျုံးဘေးတွင် မေလ ၈ ရက်နေ့ ညက ပြုလုပ်သော ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲတွင် ပါဝင်သော ဗကသအဖွဲ့ဝင်ဟောင်း ကိုသန်းထိုက်နှင့် ကိုနှင်းအောင်တို့ နှစ်ဦးမှာ မေလ ၁၂ ရက်နေ့က ဖမ်းဆီးခံရပြီးနောက်
အမှတ် ၅ ရဲစခန်းတွင် ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်ခံရခြင်းဖြစ်သည်။

ယင်းအမှုကို ဇွန်လ ၁ ရက်နေ့ ထပ်မံချိန်းဆိုပြီး တရားလိုပြသက်သေများကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။

M-01