POST TYPE
LATEST NEWS POST
လှိုင်တွင် အသက် ၈၀ အမျိုးသားကြီး ကြိုးဆွဲချ
22-May-2018
ရန်ကုန်၊ မေ ၂၁
ရန်ကုန်တိုင်း လှိုင်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ သရက်မြိုင်လမ်း ၅ လွှာ တိုက်ခန်းရှိ ရေချိုးခန်းတွင် မေလ ၂၀ ရက် ညနေက အသက် ၈၀ အမျိုးသားကြီး ကြိုးဆွဲချကာ အဆုံးစီရင်သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲထံမှသိရသည်။
သေဆုံးသူမှာ ဦးထွန်းတင်ဖြစ်ပြီး မိသားစုဝင်များမရှိခိုက် ကြိုးဆွဲချခဲ့ခြင်းဖြစ်ပြီး မိသားစုက ပြန်လာစဉ်တွေ့ရှိသဖြင့် ကယ်ဆယ်သော်လည်း သေဆုံးခဲ့ကြောင်း၊ ၎င်း၏ မိသားစုဝင်တစ်ဦး ပြောပြချက်အရ သမီးဖြစ်သူ မလေးရှားတွင် မင်္ဂလာဆောင်သည့် ကိစ္စဖြင့် စိတ်ဆင်းရဲနေသည်ဟု သိရကြောင်း၊ ယင်းသေဆုံးမှုကို သေမှုသေခင်း အမှတ်စဉ် ရေးဖွင့်ကာ စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိက ပြောသည်။
ရန်ကုန်တိုင်းတွင် ၂၀၁၇ ခုနှစ်က ကြိုးဆွဲချအဆုံးစီရင်မှု ၁၇၆ မှုရှိပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလအထိ ကြိုးဆွဲချအဆုံးစီရင်မှု ၇၂ မှုရှိကြောင်း၊ စိတ်ထိခိုက်၍ အဆိပ်သောက်သေဆုံးမှု၊ မိမိကိုယ်ကို ဓားဖြင့်ထိုး၊ သေနတ်နှင့်ပစ် အဆုံးစီရင်မှုများအပြင် အမြင့်မှခုန်ချ အဆုံးစီရင်မှုများလည်း ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
J-16
- SOURCES
- The Voice
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
18-Feb-2019
-
15-Feb-2019