POST TYPE
LATEST NEWS POST
ငြိမ်းချမ်းရေးရောင်စုံ နောက်ဖေးလမ်းကြားဥယျာဉ် ရန်ကုန်မြို့လယ်တွင် ဖွင့်
20-May-2018

ရန်ကုန်၊ မေ ၂၀
ရန်ကုန်မြို့၏ ငါးခုမြောက် နောက်ဖေးလမ်းကြားဥယျာဉ်ကို ငြိမ်းချမ်းရေး ရောင်စုံအမည်ဖြင့် ပန်းဘဲတန်းမြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ၂၉ လမ်းနှင့်ရွှေဘုံသာ လမ်းကြား(အထက်ဘလောက်)တွင် မေလ ၂၀ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။
“ဒီဥယျာဉ်က ပန်းဘဲတန်းအနေနဲ့ဆိုရင် သုံးခုမြောက်ဥယျာဉ် ဖြစ်တယ်။ နောက်ထပ်လည်း ဆက်ဖွင့်ဖို့ စီစဉ်ထားတာတွေ ရှိတယ်။ ရေရှည်တည်တံ့ဖို့နဲ့ နောက်ဖေးလမ်းကြားတွေ အမှိုက်ဆက် မပစ်ဖို့ကတော့ ကျွန်မတို့အတွက် စိန်ခေါ်မှုတစ်ရပ်လိုပါပဲ”ဟု အဆိုပါမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးပပလှိုင်က ဆိုသည်။
ငြိမ်းချမ်းရေးရောင်စုံအမည်ဖြင့် ငါးခုမြောက် နောက်ဖေးလမ်းကြားဥယျာဉ်ကို ဌာနဆိုင်ရာများ၊ ဒို့အိမ်အဖွဲ့၊ ပြင်သစ်၊ ဒိန်းမတ်နှင့် EU အဖွဲ့များအပြင် အရပ်ဘက် ကိုယ်စားလှယ်အဖွဲ့များ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
နောက်ဖေးလမ်းကြား ဥယျာဉ်များကို ဒို့အိမ်အဖွဲ့နှင့် ရပ်ကွက်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပန်းဘဲတန်းမြို့နယ်ရှိ ၂၇ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြား အလယ်ဘလောက်၊ ကျောက်တံတားမြို့နယ် ၃၉ လမ်းရှိ အိမ်နောက်ဖေးလမ်းကြားများတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပုဇွန်တောင်မြိုနယ်တို့တွင်လည်း ဖွင့်လှစ်ထားသည်။
ရန်ကုန်မြို့တွင်း၏ အိမ်နောက်ဖေးလမ်းကြားများ သန့်ရှင်းစေရန် အိမ်နောက်ဖေးလမ်းကြားများကို ပန်းခြံငယ်တစ်ခုအဖြစ် အလှဆင်သည့်စီမံချက်ကို ၂၀၁၇ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်ရပ်ဖိရပ်ဖများကို ပြန်လည် စီမံခွင့်ပြုထားခြင်းဖြစ်ကြောင်း ဒို့အိမ် (Doh Eain) အဖွဲ့ထံမှ သိရသည်။
- VIA
- Voice Admin
- SOURCES
- The Voice
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
15-Feb-2019